Coca‑Cola သီတင်းကျွတ် အမှတ်တရ ဓာတ်ပုံပြိုင်ပွဲ” စည်းမျဥ်းစည်းကမ်းများ

(က) ပါဝင်ခွင့်ရှိသူများ

၁။ ယခုပရိုမိုးရှင်းအစီအစဉ်သည် မြန်မာနိုင်ငံသား အသက် ၁၃ နှစ်နှင့်အထက် (တစ်ဦးချင်းဖြစ်စေ သို့မဟုတ် ပါဝင်သူအားလုံးဖြစ်စေ) ရန်ကုန်မြို့နှင့် မန္တလေးမြို့မှ Facebook အသုံးပြုသူများ အတွက်သာ အကျုံးဝင်ပါသည်။

၂။ အသက် ၁၈ နှစ်အောက် ပြိုင်ပွဲဝင်များအနေဖြင့် မိဘ (သို့မဟုတ်) တရားဝင် အုပ်ထိန်းသူတစ်ဦးထံမှ ပြိုင်ပွဲအစီအစဉ်တွင် ပါဝင်ခြင်းကို လက်ခံသဘောတူကြောင်း ခွင့်ပြုသည့် လက်မှတ်ရေးထိုးထားမှုအား လိုအပ် လျှင်ပေးအပ်နိုင်ရပါမည်။ ဆုများအား သတ်မှတ်ထားသော စည်းကမ်းဘောင်အတွင်းမှ ပေးအပ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲတွင် ဆုရရှိသော်လည်း မိဘအုပ်ထိန်းသူများထံမှ ပြိုင်ပွဲဝင်ခြင်းအား လက်ခံသဘောတူကြောင်း လက်မှတ်ရေးထိုးထားခြင်း မပါရှိပါက Promoter မှ ဆုပေးခြင်းအား ပယ်ဖျက်ပိုင်ခွင့် ရှိပါသည်။

၃။ ယခုပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့်မရှိသူများမှာ (က) Coca‑Cola Myanmar ၏ ကြော်ငြာဝန်ထမ်းများနှင့် အရောင်းမြှင့်တင်ရေး အေဂျင်စီများမှ ဝန်ထမ်းများ၊ (ခ) ယင်းတို့၏မိတ်ဆွေသင်္ဂဟများနှင့် မိဘဆွေမျိုးများ (အိမ်ထောင်ဖက်များ၊ မိဘများ၊ ညီအစ်ကိုမောင်နှမများ၊ သားသမီးများနှင့် ထိုသူတို့၏ အိမ်ထောင်ဖက်များ၊ အိမ်ထောင်စုဝင်များ) ၊ (ဂ) ယခုပြိုင်ပွဲတွင် ပါဝင်ရန်အတွက် ၎င်းတို့နေထိုင်ရာ နိုင်ငံသားခံယူထားရာ နိုင်ငံများ မှ ဥပဒေအရ တားမြစ်ထားသူများ တို့ ဖြစ်ကြသည်။

(ခ) ပြိုင်ပွဲကျင်းပသောအချိန်ကာလများ

၁။ အောက်ဖော်ပြပါအချက်များသည် ပရိုမိုးရှင်းအစီအစဉ်၏အရေးပါသော အချက်များဖြစ်ပါသည်။

က။ ပြိုင်ပွဲအကြောင်းတင်မည့်နေ့ : ၂၀.၁၀.၂၀၂၃

ခ။ ပြိုင်ပွဲဝင်နိုင်သည့်ကာလ : ၂၀.၁၀.၂၀၂၃ မှ ၃၁.၁၀.၂၀၂၃

ဂ။ အနိုင်ရသူများအားကြေညာမည့်နေ့ : ၁၀.၁၁.၂၀၂၃

ဃ။ ပြိုင်ပွဲတွင်ပါ၀င်သော ဆိုင်များ -

ရန်ကုန် - BonChon (Junction City), BonChon (Hledan), YKKO (North Okkalapa), MarryBrown (Thingangyun)

မန်းလေး - Koreno 1 (Corner of 62nd St & Ngu Pyar St), Ko Ko Fu (The Move - Mingalar Mandalay) 

 

၂။ ပြိုင်ပွဲအစီအစဉ်တွင် သတ်မှတ်ထားသည့်အချိန်ကာလအတွင်းပါဝင်တင်သွင်းခြင်းမရှိသည့် ဓာတ်ပုံများကို အနိုင်ရရှိသူအဖြစ်ထည့်သွင်းစဉ်းစားခြင်းမှ အလိုအလျောက်ပယ်ဖျက်သွားမည်ဖြစ်သည်။ Promoter အနေဖြင့် ပြိုင်ပွဲစည်းကမ်းနှင့်မညီသော၊ နှောင့်နှေးသော၊ လွဲမှားသော ဓာတ်ပုံတင်သွင်းမှုများအတွက် တာဝန်ရှိမည်မဟုတ်ပါ။

 

(ဂ) ပါဝင်နိုင်သော နည်းလမ်းများ

၁.  သတ်မှတ်ထားသောဆိုင်များသို့သွားရောက်၍ သီတင်းကျွတ်အလှဆင်ထားသော စားပွဲတွင် သူငယ်ချင်းများနှင့်အတူ Coke နဲ့အစားအစာ အတူစားနေပုံကို ဓါတ်ပုံရိုက်ပြီး မိမိ Facebook တွင် public ဖြင့်တင်ပါ။   Hashtag #ဆိုင်နာမည်#CokeThadingyutMeal #RealMagic #RecipeforMagic ဆိုပြီး  ( ဥပမာ - ကိုယ်က Bon Chon မှာဓာတ်ပုံရိုက်ထားတယ်ဆိုရင် #BonChon #CokeThadingyutMeal #RecipeforMagic) စာနဲ့အတူ ပုံပါ တွဲတင်ပါ​

၂. ထိုသို့တင်ထားသည်ကို screenshot ရိုက်ပြီး Coca‑Cola announcement post အောက်တွက် comment လာပေးပါ။

၃. Winner ရွေးချယ်ရာတွင် ကျပန်းရွေးချယ်မည်ဖြစ်ပြီး အနိုင်ရရှိသူများကို Coca‑Cola Myanmar Facebook page တွင် နို၀င်ဘာ ၁၀ ရက်နေ့၌ ကြေငြာပေးမည်ဖြစ်သည်။

၄. မိမိနာမည်အား အနိုင်ရသူများစာရင်းတွင်တွေ့ရှိပါက Coca‑Cola Myanmar Facebook page သို့ ဆုထုတ်ယူရန် လာရောက်ဆက်သွယ်ရပါမည်။ Coca‑Cola Myanmar Facebook page မှ ဆုထုတ်ယူရမည့်နေရာအား ပြန်လည်ဖြေကြားပေးပါမည်။

၅. ဆုရရှိသော အစားအသောက်ကူပွန်ဆုလက်ဆောင်အား သတ်မှတ်ထားသောဆိုင်တွင်သာ ထုတ်ယူရပါမည်။

 

(ဃ) ဆုရွေးချယ်ပေးအပ်ခြင်း နှင့် ဆုထုတ်ယူခြင်း

(၁) ဆုမဲများကို လွှဲပြောင်းခြင်း ပြုလုပ်နိုင်သော်လည်း ငွေကြေးဖြင့်လဲလှယ်ခြင်းမပြုလုပ်နိုင်ပါ။

ပြိုင်ပွဲအစီအစဉ်နှင့် ယခုစည်းမျဉ်းကန့်သတ်ချက်ကို မြန်မာနိုင်ငံ၏ ဥပဒေများဖြင့် ထိန်းသိမ်းကြီးကြပ်သွား ပါမည်။

(၂) အထက်ဖော်ပြပါ အချက်များအပြင် Promoter သည် စည်းမျဉ်းကန့်သတ်ချက်များအား ကြိုတင်အကြောင်းကြားခြင် းမပြုပဲ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ အစားထိုးခြင်းများပြုလုပ်နိုင်ခွင့် ရှိပါသည်။ ပြိုင်ပွဲအစီအစဉ်တွှင် ဝင်ရောက်ခြင်းဖြင့် အဆိုပါပြင်ဆင်မှုများ ၊ ဖြည့်စွက်မှု၊အစားထိုးမှုများနှင့် အတူ စည်းမျဉ်းကန့်သတ်ချက်များနှင့်သာ အားလုံးကို နောက်ဆုံး ဆုံးဖြတ်မည်ကို သိရှိလက်ခံထားပြီးဖြစ်ပါသည်။

(၃) အနိုင်ရရှိသူများ၏ လိပ်စာကို သတ်မှတ်ထားသောရက်အတွင်း ရရှိခြင်းမရှိပါက အနိုင်ရရှိသူစာရင်းမှ အလိုအလျောက်ပယ်ထုတ်သွားမည်ဖြစ်သည်။

(၄) ဆုလက်ဆောင်များကို လွှဲပြောင်းခြင်း၊ ညှိနှိုင်းခြင်း၊ ပြန်အမ်းခြင်း၊ ငွေကြေးဖြင့်လဲလှယ်ခြင်းများမပြုလုပ်နိုင်ပါ။ Promoter အနေဖြင့် ပြိုင်ပွဲအစီအစဉ်နှင့် စည်းမျဉ်းကန့်သတ်ချက်များကို သွေဖယ်နေသော ယှဉ်ပြိုင်သူများ/ အနိုင်ရရှိသူများကို ဆုလက်ဆောင်များပေးအပ်ချီးမြှင့်သွားမည်မဟုတ်ပါ။

(၅) ပြိုင်ပွဲအစီအစဉ်ကာလအတွင်း ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းနှင့်အညီ ဝင်ရောက်ယှဉ်ပြိုင်သူမရှိပါက Promoter အနေဖြင့် ဆုလက်ဆောင်များချီးမြှင့်ရန် တာဝန်ရှိမည်မဟုတ်ပါ။ ထိုသို့သောအခြေအနေများအတွက် ဆုလက်ဆောင်ရရှိခွင့် အခွင့်အရေးများကို ရုပ်သိမ်းသွားမည်ဖြစ်သည်။

(၆) Promoter ၏ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်သည်။

(၇) Promoter၊ ၎င်း၏တွဲဖက်များ၊ လုပ်ငန်းခွဲများနှင့် ဆက်စပ်လုပ်ငန်းများသည် အာမခံ၊ ပြုပြင်ထိန်းသိမ်းမှုများ၊ အခွန်များနှင့် ဆုလက်ဆောင်၏ထပ်ဆောင်းကုန်ကျစရိတ်များအတွက် တာဝန်ရှိမည်မဟုတ်ပါ။ ဆုလက်ဆောင်များကို မြန်မာနိုင်ငံအတွင်းတွင်သာ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။

 

(င) ဆုလက်ဆောင်များ

Coca‑Cola” မှစီစဉ်ပေးအပ်သည့် အစားအသောက်ကူပွန်ဆုလက်ဆောင် ၁၈၀ ခုကိုအနိုင်ရရှိသူ ၁၈၀ဦးထံပေးအပ်သွားမည်ဖြစ်သည်။

 

(စ) အသုံးပြုရန် အခွင့်အရေးများ

၁။ ယခုအစီအစဉ်၏ မူပိုင်ခွင့်များတွင် အကြောင်းအရာများအား သင့်တော်သလို ပြန်လည်တည်း ဖြတ်ခြင်း၊ အပြောင်းအလဲများပြုလုပ်ခြင်း၊ စီးပွားရေး ကြော်ငြာများ ၊ အရောင်းမြှင့်တင်ရေးလုပ်ငန်း များတွင် အသုံးပြုခြင်း၊ တိုက်ရိုက် အရောင်းမြှင့်တင်ခြင်း၊ အီလက်ထရောနစ်မီဒီယာများမှ တဆင့်အရောင်းမြှင့်တင် ခြင်း လုပ်ငန်းများတွင် အသုံးပြုခြင်း များအတွက်ပါ အခွင့်အရေးပေးထားပြီး ဖြစ်ပါသည်။ ပါဝင်ယှဉ်ပြိုင်သူမှ Promoter အား အဆိုပါ အခွင့်အရေးများပေးအပ်ရာတွင် လိုအပ်ပါက စာရွက်စာတမ်း အချက်အလက်များ ကိုပါ ပြင်ဆင်ပေးပို့ရမည့် အခြေအနေ ရှိနိုင်ပါသည်။

၂။ ပါဝင်ယှဉ်ပြိုင်သူများသည် Coca‑Cola Myanmar အား ပေးထားသောအခွင့်အရေးများရှိသည့် အားလျော် စွာ ထိုအခွင့်အရေးများကို အသုံးပြုခြင်းအတွက် Coca‑Cola Myanmar အား တရားစွဲဆိုခြင်း မပြုဘဲ လွတ်လပ်စွာ အသုံးပြုခွင့် ပေးနိုင်ရမည်။

 

(ဆ) အခြားအခြေအနေများ

၁။ ယခုပွဲအစီအစဉ်များနှင့် ပတ်သက်၍ပြုလုပ်သော ကြော်ငြာကဏ္ဍ၊ အရောင်းမြှင့်တင်ရေးနှင့် ပြည်သူလူထု ထံ သတင်းအချက်အလက်များ ဖြန့်ဖြူးရေးလုပ်ငန်းများနှင့် ပွဲအစီအစဉ်ဆိုင်ရာ စာရွက်စာတမ်းများ တွင် ကွဲလွဲမှုများ ရှိပါက ယခု စည်းမျဉ်းကန့်သတ်ချက်များပေါ်တွင် အခြေခံ၍ ဆုံးဖြတ်သွားမည်။

၂။ ကြန့်ကြာခြင်း၊ မှားယွင်းခြင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် online စနစ်တွင် အဆက်အသွယ် ပြတ်တောက်မှုများ၊ နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှုများကြောင့် အခက်အခဲများ ကြုံတွေ့ခြင်း ၊ အင်တာနက်လိုင်းများ၊ server များ၊ ကွန်ပျူတာ စက်အစိတ်အပိုင်းများ၊ ဆော့ဖ်ဝဲများ၊ email ဆက်သွယ်ရေးများ၊ ဝက်ဘ်ဆိုက်များ၊ telecom ဆက်သွယ်မှုလိုင်းများ ကောင်းစွာအလုပ်မလုပ်ခြင်း၊ ပြိုင်ပွဲဝင်တစ်ဦးဦး ထိခိုက်ဒဏ်ရာရခြင်း၊ အစီအစဉ်နှင့် စပ်လျဉ်း၍ download ဆွဲရာတွင် တစ်ဦးတစ်ယောက်၏ ကွန်ပျူတာ၊ သို့မဟုတ် ဖုန်းလိုင်းများ ထိခိုက်ခြင်း စသောကိစ္စရပ်များအတွက် Promoter တွင် တာဝန်ရှိမည် မဟုတ်ပါ။

၃။ ပြိုင်ပွဲအစီအစဉ်တွင် ပြိုင်ပွဲဝင်သူမှ ပေးပို့လာသည့်အရာမှ ထွက်ပေါ်လာမည့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ၊ အသေးအမွှားဖြစ်စေ၊ အခြေအနေအရဆက်စပ်၍ ဖြစ်စေ၊ ကြီးမားသော သို့မဟုတ် ပြစ်ဒဏ်ထိုက်သော အခြေအနေအထိဖြစ်စေ မည်သည့် ဆုံးရှုံးမှုတွင်မဆို Promoter နှင့် သူ၏ ဆက်စပ်သော မိတ်ဖက်ကုမ္ပဏီများ၊ ကြော်ငြာနှင့် အရောင်းမြှင့်တင်ရေး အေဂျင်စီများ ၊ ၎င်းတို့၏ အရာရှိများ၊ ဒါရိုက်တာများ၊ ဝန်ထမ်းများ၊ အဖွဲ့ဝင်များ၊ ပါဝင်ပတ်သက်နေသူများ၊ ရှေ့နေများ၊ ကိုယ်စားလှယ်များ၊ agent များတွင် တာဝန်ရှိမည် မဟုတ်ပါ။ ယခုပြိုင်ပွဲအစီအစဉ်ကို ပါဝင်ယှဉ်ပြိုင်ခြင်းဖြင့် ပြိုင်ပွဲဝင်သူသည် Promoter နှင့် ၎င်း၏ မိတ်ဖက်များကို တစ်ပိုင်းတစ်စ၊ သို့မဟုတ် အပြည့်အဝ ဖြစ်ပေါ်လာနိုင်သော၊ သို့မဟုတ် ပြိုင်ပွဲဝင်သူတွင် ရှိသော ဆုံးရှုံးမှုများ၊ 

အခွင့်အရေးများ၊ တောင်းဆိုမှုများ ၊ ကုန်ကျမှုများနှင့် စပ်လျဉ်း၍ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ အပြစ်တင်စွဲ ဆိုနိုင်ခြင်းမရှိသည်ကို နား လည်ထားပြီး ဖြစ်ရပါမည်။

၄။ ပွဲအစီအစဉ်အား ကြီးကြပ်ရာတွင် Promoter နှင့် သက်ဆိုင်ရာ agent များ အနေဖြင့် ပြိုင်ပွဲဝင်သူထံမှ ရရှိသော ကိုယ်ရေးအချက်အလက်များ၊ နေ့စွဲနှင့် ဓာတ်ပုံများ၊ အချက်အလက်များကို အသုံးပြုရခြင်းများ ရှိလာနိုင်ပါသည်။ အချက်အလက်များအား (က)ပါဝင်ယှဉ်ပြိုင်သူ၏ ကိုယ်ရေးအချက်အလက်များသည် ပြိုင်ပွဲဝင်ရန်နှင့် ဆုရရှိရန် အခြေခံလိုအပ်ချက်များနှင့် ကိုက်ညီမှုရှိမရှိစစ်ဆေးရန်တွင်လည်းကောင်း (ခ)အရောင်းမြှင့်တင်ရေး ရည်ရွယ်ချက်များနှင့် စပ်လျဉ်း၍ သော်လည်းကောင်း အသုံးပြုမည်ဖြစ်ပါ သည်။ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခြင်းဖြင့် ယှဉ်ပြိုင်သူထံသို့ Promoter နှင့် ၎င်း၏ သက်ဆိုင်ရာ ကိုယ်စားလှယ်များ၊ အေဂျင်စီများမှ အရောင်းမြှင့်တင်ရေး ရည်ရွယ်ချက်များဖြင့် email ပေးပို့ခြင်း၊ ဖုန်းခေါ်ဆိုခြင်း၊ fax ပို့ခြင်း၊ ဖုန်း SMS ပေးပို့ခြင်း၊ စာတိုက်မှ စာပို့ခြင်းတို့ကိုပါ ခွင့်ပြုပေးပြီး ဖြစ်ပါသည်။ ပြိုင်ပွဲဝင်သူများ၏ ကိုယ်ရေးအချက်အ လက်များအား လေးစားထိန်းသိမ်းသည့် အားလျော်စွာ Coca‑Cola Myanmar သည် အခြားသက်ဆိုင်မှု မရှိသော မည်သည့်အဖွဲ့အစည်းကိုမျှ ပြိုင်ပွဲဝင်များ၏ ကို ယ်ရေးအချက်အလက်များကို ပြသမည် မဟုတ်ပါ။ ( ပြိုင်ပွဲဝင်သူများ၏ အချက်အလက်များကို သက်ဆိုင်ရာ Agent များ နှင့် Agency များမှ သုံးစွဲခြင်းမှာ ပြိုင်ပွဲကျင်းပရေး ရည်ရွယ်ချက်များ အတွက်သော်လည်းကောင်း၊ ဥပဒေအရ လိုအပ်ချက်များ ကြောင့် သော်လည်းကောင်းသာ ဖြစ်ပါသည်။)

၅။ အထက်ဖော်ပြပါ အချက်များအပြင် Promoter သည် စည်းမျဉ်းကန့်သတ်ချက်များအား ကြိုတင်အကြောင်းကြားခြင်းမပြုပဲ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ အစားထိုးခြင်းများ ပြုလုပ်နိုင်ခွင့် ရှိပါသည်။ ပြိုင်ပွဲအစီအစဉ်တွင် ဝင်ရောက်ခြင်းဖြင့် အဆိုပါပြင်ဆင်မှုများ၊ ဖြည့်စွက်မှု၊ အစားထိုးမှုများနှင့်အတူ စည်းမျဉ်းကန့်သတ်ချက်များ အားလုံးနောက်ဆုံး ဆုံးဖြတ်မည်ကို သိရှိလက်ခံထားပြီးဖြစ်ပါသည်။

၆။ ပြိုင်ပွဲအစီအစဉ်နှင့် ယခုစည်းမျဉ်းကန့်သတ်ချက်ကို မြန်မာနိုင်ငံ၏ ဥပဒေများဖြင့် ထိန်းသိမ်းကြီးကြပ်သွားပါမည်။

၇။ Promoter သည် Coca‑Cola Myanmar ဖြစ်ပြီး ၎င်း၏ ရုံးအခြေစိုက်ရာလိပ်စာသည် Unit 07၊ Sule Square၊ အထပ် ၂၀ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့ ဖြစ်ပါသည်။

၈။ အသေးစိတ်သိရှိလိုပါက Coca‑Cola Myanmar Facebook Page ဖြစ်သည့် https://www.facebook.com/CocaColaMyanmar/ တွင် ဝင်ရောက်ကြည့်ရှု၍ မေးမြန်းနိုင်ပါသည်။ Service Provider က သင့်မိုဘိုင်းဖုန်းမှ Data အသုံးပြုမှုများအားလုံး အတွက် ကောက်ခံသွားမည်ဖြစ်သည်။