“Max+ ကြိုက်လား? DJ Remix Challenge ”
စည်းမျဥ်းစည်းကမ်းများ

 

အရေးကြီးသည် - Coca‑Cola Limited မှ ကျင်းပသည့် ဤပြိုင်ပွဲ (Max+ ကြိုက်လား? DJ Remix Challenge”) ကို တိုက်ရိုက်ဖြစ်စေ (သို့မဟုတ်) သင့်လျော်သော အေးဂျင့်များမှတဆင့်ဖြစ်စေ (“စျေးကွက်မြှင့်တင်သူ” ဟု တစ်စုတစ်စည်းတည်း ရည်ညွှန်းခေါ်ဆိုပါမည်) မပါ၀င်ခင် ဤစည်းမျဉ်းစည်းကမ်းများ (“စည်းမျဉ်းစည်းကမ်းများ”) ကိုဖတ်ရှုပါ။ ဤပြိုင်ပွဲကို ပါ၀င်ခြင်းဖြင့် သင်သည် ဤစည်းမျဉ်းစည်းကမ်းများကို ဖတ်ရှုပြီးဖြစ်ကြောင်း၊ နားလည်သဘောပေါက်ကြောင်းနှင့် ယင်းတို့နှင့်အညီလိုက်နာမည်ဖြစ်ကြောင်း သဘောတူ အတည်ပြုပါသည်။
 

(က) ပါဝင်ခွင့်ရှိသူများ။

ဤပြိုင်ပွဲသည် မြန်မာနိုင်ငံတွင်သာ အကျုံးဝင်ပြီး အောက်ဖော်ပြပါ သတ်မှတ်ချက်များနှင့် ကိုက်ညီသူ  မည်သူမဆို (“ပါဝင်သူ”) အကျုံးဝင်ပါသည်။

၁။ မြန်မာနိုင်ငံသား သို့မဟုတ် အမြဲတမ်းနေထိုင်သူများ၊

၂။ မြန်မာနိုင်ငံပိုင်နက်အတွင်း နေထိုင်သူ၊

၃။ အနည်းဆုံး အသက် ၁၃ နှစ်၊

၄။ ဤပြိုင်ပွဲနှင့်သက်ဆိုင်သော စည်းမျဉ်းစည်းကမ်းများနှင့် ကိုယ်ရေးကိုယ်တာမူဝါဒကို သဘောတူပါသည်။ ဤပြိုင်ပွဲတွင် ပါဝင်သည့်  အသက် ၁၃ နှစ်အောက် ပြိုင်ပွဲဝင်များအနေဖြင့် ပါဝင်ရန် ၎င်းတို့၏ မိဘများ (သို့မဟုတ်) တရားဝင် အုပ်ထိန်းသူများထံမှ ခွင့်ပြုချက်ရရှိထားပြီးဖြစ်ကြောင်းနှင့် ဤပြိုင်ပွဲနှင့်သက်ဆိုင်သော စည်းမျဉ်းစည်းကမ်းများနှင့် ကိုယ်ရေးကိုယ်တာမူဝါဒနှင့် စပ်လျဉ်းပြီး သဘောတူညီကြောင်း ဖွင့်ထုတ်ကြေညာပါသည်။

၅။ အကျုံးဝင်သည့် တရားဝင် သက်သေခံကတ်ပြား ရှိရပါမည်။

၆။ (က) ပြိုင်ပွဲဝင်သည် စျေးကွက်မြှင့်တင်သူ (“Promoter”)၊ မိတ်ဖက်များ၊ ဖြန့်ဖြူးသူများ၊ အေဂျင်စီများ၊ ကုမ္ပဏီများ၊ (သို့မဟုတ်) ဤပြိုင်ပွဲနှင့် ဆက်စပ်နေသော လုပ်ငန်းများနှင့် ၎င်းတို့၏ သက်ဆိုင်ရာ ပင်မအဖွဲ့အစည်းများ၊ လုပ်ငန်းခွဲများ နှင့် ဆက်စပ်ကုမ္ပဏီများ (စုပေါင်းပြီး "လုပ်ငန်းခွဲများ"ဟု ခေါ်ဆိုပါမည်)မှ ၀န်ထမ်းများ နှင့် မိသားစုဝင်များ (အိမ်ထောင်ဖက်၊ မိဘ၊ မောင်နှမ၊ သားသမီးများနှင့် ၎င်းတို့၏ အိမ်ထောင်ဖက်တစ်ဦး) မဖြစ်ရပါ။  (ခ) သင့်နိုင်ငံ၏ နိုင်ငံသားဖြစ်မှု၊ နေထိုင်မှု (သို့မဟုတ်) နေထိုင်ခွင့်တို့နှင့် စပ်လျဉ်းပြီး တားမြစ်ခံရထားရသူများကို မည်သည့် အခွင့်အလမ်း နှင့်/သို့မဟုတ် ကျွမ်းကျင်မှု (သို့မဟုတ်) ဤပြိုင်ပွဲတွင် ပါဝင်ရန် တားမြစ်ထားပါသည်။

၇။ ဆုရရှိသူသည် အသက် ၁၃ နှစ်အောက်ဖြစ်ပါက မိဘ/တရားဝင်အုပ်ထိန်းသူနှင့်အတူ လာရောက် ဆုယူရပါမည်။ မိဘ/တရားဝင် အုပ်ထိန်းသူသည် အရွယ်မရောက်သေးသူ၏ ကိုယ်စား ဆုအား တောင်းဆိုပါက၊ အဆိုပါ ကိုယ်စားလှယ်သည် လိုအပ်သော စာရွက်စာတမ်းများကို တင်ပြရပါမည်။
 

(ခ) ပြိုင်ပွဲကာလ

၁။ ဤပြိုင်ပွဲသည် ၁၄.၇.၂၀၂၅ ရက်တွင် စတင်ပြီး ၄.၈.၂၀၂၅ ရက်တွင် ပြီးဆုံးပါမည်။ (“ပြိုင်ပွဲကာလ”) ။

၂။ ပြိုင်ပွဲကာလအတွင်း အချိန်မီပါ၀င်တင်သွင်းခြင်းမရှိသည့် ဗီဒီယိုတင်သွင်းမှုများကို အလိုအလျောက် ပယ်ဖျက်သွားမည်ဖြစ်ပါသည်။ အရောင်းမြှင့်တင်သူ (Promoter) သည် ပျောက်ဆုံးသွားသည့်၊ နှောင့်နှေးသည့် (သို့မဟုတ်) လွဲမှားသော ဗီဒီယိုတင်သွင်းမှုများအတွက် တာဝန်မရှိပါ။
 

(ဂ) ဘယ်လိုပါဝင်မလဲ။

၁။ ပြိုင်ပွဲတွင်ပါဝင်ရန်

(၁) ပါဝင်ယှဉ်ပြိုင်သူများသည် Max+ Myanmar Facebook Page ကို Like and Follow လုပ်ထားရမည်။

(၂) ပါဝင်ယှဉ်ပြိုင်သူများသည် Personal Facebook Account ဖြင့်သာ၀င်ပြိုင်နိုင်ပါသည်။ Page ဖြင့်၀င်ပြိုင်သူများ အကျုံးမ၀င်ပါ။

(၃) ပါဝင်ယှဉ်ပြိုင်သူများသည် Max+ Myanmar Facebook Page  မှ “Max+ ကြိုက်လား? DJ Remix Challenge” အကြောင်း ကြေညာထားသောပိုစ့်မှာဖော်ပြထားသော Link သို့ ဝင်ရောက်ပြီး မူရင်းသီချင်းကို ဒေါင်းလုတ်ပြုလုပ်ရပါမည်။

(၄) အဆိုပါ မူရင်းသီချင်းကို နှစ်သက်ရာ DJ Genre တစ်ခုရွေးပြီး ကိုယ်ပိုင် Remix Version တစ်ခုဖန်တီးကာ ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

လိုက်နာရန်အချက်များ

-        ကိုယ်တိုင်ဖန်တီးထားသော Remix Version တွင် “Max+ ကြိုက်လား? သီချင်း၏ မူရင်းစာသားအပြည့်အစုံ မဖြစ်မနေ ပါဝင်ရမည်။

-        ထို့အပြင် မူရင်းစာသားထဲကကဲ့သို့ မဖြစ်မနေလုပ်ရမည့်အရာများကြား Max+ သောက်ရင်း စိတ်အလိုလိုက်တဲ့အခိုက်အတန့်များကိုလည်း  ကိုယ်ပိုင်စာသားအဖြစ် ထည့်သွင်းဖန်တီးနိုင်ပါသည်။

-        အနည်းဆုံး ၁ မိနစ်၊ အများဆုံး ၂ မိနစ်စာ ဖန်တီးမှု ဖြစ်ရပါမည်။ 

(၅) ကိုယ်တိုင်ဖန်တီးထားသော Remix Version အသံဖိုင် (သို့မဟုတ်) ဗီဒီယိုဖိုင်ကို Personal Cloud Storage (ဥပမာ -Google Drive, Dropbox) စတဲ့ ကြိုက်နှစ်သက်ရာနေရာတွင် upload လုပ်ပါ။

(၆)  Upload ထားသော အသံဖိုင် (သို့မဟုတ်) ဗီဒီယိုဖိုင်လင့်ကို Download Access နဲ့ အဆိုပါ ( Website) မှ တဆင့်နာမည်၊ ဖုန်းနံပါတ်နှင့်တကွ Register လုပ်ပြီး သက်မှတ်ထားသောနေရာတွေ Download Access ပါပြီးသား အသံဖိုင် (သို့မဟုတ်) ဗီဒီယိုဖိုင်လင့်ကို ချပါ။​

(၇) ထို့နောက် Register လုပ်ထားကြောင်း Screenshot ရိုက်ပြီး မူရင်း Post အောက်တွင် comment မန့်ပေးရမှာ ဖြစ်ပါတယ်။

(၈) အခြားပြိုင်ပွဲဝင်ပို့စ်များ၊ ဗီဒီယိုများအား တုပခြင်းမပြုရ။အခြားကုန်ပစ္စည်းအမှတ်တံဆိပ် တစ်ခုခုပါဝင်နေသော ပုံများကို ကံစမ်းရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစား မည်မဟုတ်ပါ။

(၉) Promoter က သတ်မှတ်ထားသည့် အချိန်အတွင်း စည်းကမ်းချက်များနှင့် အညီ ပါဝင်ယှဉ်ပြိုင်ထားသူများအနက် ဒိုင်လူကြီးအဖြစ်ပါဝင်သွားမည့် “S Logic, JCZ နဲ့ Max+ Myanmar ၏ အမှတ်ပေးအကဲဖြတ်မှုဖြင့် အနိုင်ရရှိသူ (၁) ဦးကို ရွေးချယ်သွားမှာဖြစ်ပြီး Pioneer XDJ-RR  ကို ချီးမြှင့်သွားမည်ဖြစ်သည်။

(၁၀) ကံထူးရှင်များကို Max+ Myanmar Facebook Page တွင် [၁၅.၈.၂၀၂၅] ၌ ကြေညာသွားမည်ဖြစ်ပါသည်။

(၁၀) အနိုင်ရရှိသူဖြစ်ခဲ့ပါက Max+ Myanmar Facebook Messenger သို့ #Maxကြိုက်လားDJRemixChallangeWinner Hashtag နှင့်အတူ လာရောက်ဆက်သွယ်ရမည်ဖြစ်ပြီး ဆက်သွယ်ရန် အချက်အလက်များကို ပေးရပါမည်။

(၁၀) ဆု (၁) ဆုကို ဒိုင်လူကြီး၏ အမှတ်ပေးအကဲဖြတ်မှုဖြင့် ရွေးချယ်သွားပါမည်။

(၁၁) Max+ Myanmar မှ ဆုထုတ်ယူရမည့်နေရာအား ပြန်လည်ဖြေကြားပါမည်ဖြစ်ပြီး ဆုကို [၃၀.၈.၂၀၂၅] အထိ ထုတ်ယူနိုင်ပါသည်။

၂။ အဖြေများအားလုံးသည် Promoter ထံမှ နောက်ဆုံးအတည်ပြုချက် ("အကျုံးဝင်သောဗီဒီယိုများ”) (အမှတ် (ဂ - ၅)  ကို ကိုးကားပါ။) ရယူရပါမည်။

၃။ သင့်အနေဖြင့် တင်ပြနိုင်သည့် ဗီဒီယိုအရေအတွက်မှာ ကန့်သတ်ချက်မရှိသော်လည်း ဗီဒီယိုတစ်ခုစီကို တစ်ကြိမ်သာ အသုံးပြုနိုင်ပြီး ဆု (၁) ဆုသာ  ရရှိနိုင်ပါသည်။

၄။ အရောင်းမြှင့်တင်သူ (Promoter) သည် ပျောက်ဆုံးသွားသည့်၊ နှောင့်နှေးသည့် (သို့မဟုတ်) လွဲမှားသော ဗီဒီယိုတင်သွင်းမှုများအတွက် တာဝန်မရှိပါ။

၅။ အကျုံးဝင်သည့် ဗီဒီယိုများတွင် အချက် (ဂ - ၁)  တွင်ဖော်ပြထားသော အသေးစိတ်အချက်များ ပါဝင်ရမည်ဖြစ်ပြီး ပြင်ပအဖွဲ့အစည်း၏ခွင့်ပြုချက်မရသည့် ဉာဏပစ္စည်းဆိုင်ရာအခွင့်အရေးများအား တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်သောနည်းဖြင့် ကိုးကားမှုများ မပါဝင်ရပါ။ ပြိုင်ပွဲတွင်ပါဝင်ပြီး အဖြေများတင်သွင်းရာတွင် အဆိုပါ ဗီဒီယိုများသည် မူပိုင်ခွင့် (သို့မဟုတ်) ကုန်အမှတ်တံဆိပ်ဆိုင်ရာ ချိုးဖောက်ခြင်း၊  (သို့မဟုတ်) တစ်စုံတစ်ဦး၏ ပုဂ္ဂိုလ်ရေးဆိုင်ရာအခွင့်အရေးများ (သို့မဟုတ်) လျှို့ဝှက်ထိန်းသိမ်းမှုကို ချိုးဖောက်ခြင်း မရှိ ကြောင်းနှင့် ပြင်ပအဖွဲ့အစည်းနှင့် စပ်လျဉ်းသည့် ချိုးဖောက်မှုများအတွက် အပြည့်အဝ တာဝန်ရှိကြောင်း  သင့် အနေဖြင့် အတည်ပြုကာ မှန်ကန်ကြောင်းဖော်ပြရပါမည်။

ဗီဒီယိုတင်သွင်းမှုများသည် (က) ပြင်ပအဖွဲ့အစည်းတစ်ခုခု၏ ဉာဏပစ္စည်းမူပိုင်ခွင့်အခွင့်အရေးများကို ချိုးဖောက်ပါက နှင့်/(သို့မဟုတ်) (ခ) ညစ်ညမ်းသော၊ အကျင့်ပျက်သော၊ ပုတ်ခတ်သော၊ အသရေဖျက်သော၊ လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေး အကြောင်းအရာများပါရှိပါက (သို့မဟုတ်) Promoter အနေဖြင့် အဆိုပါ အဖြေများပါအကြောင်းအရာများ (သို့) လုပ်ဆောင်ချက်များသည် သဘောသဘာဝအရ မသင့်လျော်ဟု ထည့်သွင်းစဉ်းစားမည်ဆိုပါက ထိုအဖြေများကို စည်းကမ်းနှင့်မညီညွှတ်သဖြင့် ပယ်ပါမည်။
 

ဃ။ ဆုရရှိအောင် ဘယ်လိုလုပ်မလဲ။

၁။ သင်၏ ပါဝင်ခွင့်ရသည့်ဗီဒီယို (အမှတ် (ဂ-၁) ကို ကိုးကားပါသည်။) ကို ဗီဒီယိုအပေါ် အခြေခံ၍ အကဲဖြတ်ပါမည်။ Promoter က ရွေးချယ်သော ပါဝင်ယှဉ်ပြိုင်သူအသီးသီးသည် ဆုတစ်ခုစီရရှိပါမည် (အမှတ် (င-၁) ကိုရည်ညွှန်းပါသည်) ("ဆုရသူ")။ ဆုရသူများအတွက် ဆုံးဖြတ်ချက်သည် အပြီးသတ်ဖြစ်ပြီး  (စာဖြင့်ရေးသားမှု (သို့) အခြားနည်းလမ်း) နည်းလမ်းတစ်ခုခုဖြင့်ဆက်သွယ်မှုများကို လက်သင့်မခံပါ။

၂။ ဆုရသူများစာရင်းကို  [၁၅.၈.၂၀၂၅]  တွင်Max+ Myanmar Facebook Page ၌ ကြေညာပေးပါမည်။

၃။ ဆုရသူတစ်ဦးချင်းကို မိုဘိုင်းလ်မှတဆင့် SMS တစ်စောင် ပေးပို့ကာအကြောင်းကြားမည်ဖြစ်ပြီး ဆုများကို ထိထိရောက်ရောက်ပေးပို့နိုင်ရန်အတွက် အသေးစိတ်အချက်များ (အမည်၊ မှတ်ပုံတင်နံပါတ်၊ အီးမေးလ်လိပ်စာ၊ နေရပ်လိပ်စာ၊ စသည်)တို့ကိုတောင်းခံသွားမည်ဖြစ်ပါသည်။

၄။ ဆုရသူများအား အကြောင်းကြားသည့်ရက်စွဲမှ ပြန်လည်ဆက်သွယ်ရန် (၁၅) ရက် အချိန်ပေးထားပြီး ထိုသို့လုပ်ဆောင်ရန် ပျက်ကွက်ပါက ထိုဆုကို လက်လွှတ်ဆုံးရှုံးမည်ဖြစ်ကာ အခြားဆုရှင်တစ်ဦးကို ရွေးချယ်မည်ဖြစ်ပါသည်။

၅။ အတိအလင်းဖော်ပြထားခြင်းမရှိသော်လည်း ဆုများကို "လက်ရှိအခြေအနေ" ပေါ်တွင် အခြေခံ၍ ချီးမြှင့်ခြင်းဖြစ်ပြီး ဆုများကို မလွှဲပြောင်းနိုင်၊ မညှိနှိုင်းနိုင်၊ ငွေပြန်မအမ်းနိုင်၊ (သို့မဟုတ်) မလဲလှယ်နိုင်ပါ။ ငွေသားမဟုတ်သောဆုများကို ငွေသားဖြင့်မရနိုင်ပါ။ Promoter သည် မည်သည့်အကြောင်းကြောင့်ဖြစ်စေ ဆုရယူရန်အလို့ငှာ သတ်မှတ်ထားသော လိုအပ်ချက်များနှင့် မကိုက်ညီသည့် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ဆုတစ်ခု (သို့မဟုတ်) ဆုတစ်စိတ်တစ်ပိုင်းကိုမျှ ချီးမြှင့်ခြင်းမပြုရန် အခွင့်အာဏာရှိသည်။

၆။ ပြိုင်ပွဲကာလအတွင်း အကျုံးဝင်သော ဗီဒီယိုများ မရရှိခဲ့ပါက Promoter ထံတွင် ဆုချီးမြှင့်ရန် တာဝန်မရှိပါ။ ထိုကဲ့သို့သောအခြေအနေမျိုးတွင် ဆုရရှိမည့်အခွင့်အရေးကို ရုပ်သိမ်းမည်။

၇။ Promoter ၊ ၎င်း၏တွဲဖက်များ၊ လုပ်ငန်းခွဲများနှင့် ဆက်စပ်ကုမ္ပဏီများသည် အဆိုပါဆု၏ ထပ်ဆောင်းကုန်ကျစရိတ်များ (သို့) အာမခံ၊ ပြုပြင်ထိန်းသိမ်းမှု၊ အခွန်များအတွက် တာဝန်မရှိပါ။
 

င။ ဆုများ

၁။ ပြိုင်ပွဲကာလအတွင်းတွင် ချီးမြှင့်မည့်ဆု စုစုပေါင်း (၁) ဆုကို အောက်တွင် ဖော်ပြ ထားပါသည်။
 

Pioneer XDJ-RR (၁) လုံး

၂။ ဆုများကို  [၁၅.၈.၂၀၂၅]  မှစတင်ပြီး ချီးမြှင့်ပါမည်။

၃။ ဤပြိုင်ပွဲတွင် ချီးမြှင့်မည့် ဆုအမျိုးအစားအရေအတွက်သည် (င-၁) တွင်ဖော်ပြထားသည်ထက်မပိုစေပါ။ ဤပြိုင်ပွဲတွင် ပါဝင်ခြင်းဖြင့် သတ်မှတ်ထားသော ဆုအရေအတွက်ထက် ပိုပေးမည်မဟုတ်ကြောင်း ကို သင့်အနေဖြင့် အသိအမှတ်ပြုပြီး သဘောတူလက်ခံပါသည်။

၄။ ကိုယ်ရေးကိုယ်တာနှင့် အသေးသုံးကုန်ကျစရိတ်များအပါအဝင် အာမခံ၊ အစိုးရနှင့်သက်ဆိုင်သည့် (သို့မဟုတ်) အခြားအခကြေးငွေများအပါအဝင် ကုန်ကျစရိတ်များအားလုံးကို ဆုရသူများက ကျခံရမည်ဖြစ်ပါသည်။
 

စ။ အသုံးပြုပိုင်ခွင့်

၁။ ဤပြိုင်ပွဲတွင် ပါဝင်ခြင်းဖြင့် သင်၏ ဗီဒီယိုများတင်သွင်းမှု ကမ္ဘာတစ်ဝှမ်းရှိ အခွင့်အရေး၊ ဂုဏ်ပုဒ်နှင့် စိတ်၀င်စားမှုဆိုင်ရာများ၊ မူပိုင်ခွင့်နှင့် ပြင်ပအဖွဲ့အစည်းဆိုင်ရာ အခွင့်အရေးများအပါအဝင် ဗီဒီယိုများတင်သွင်းမှုနှင့်စပ်လျင်း၍ သဘောသဘာဝအမျိုးမျိုးရှိသည့် အခြားသောဉာဏပစ္စည်းမူပိုင်ခွင့်များအားလုံးကို ဤပြိုင်ပွဲနှင့်စပ်လျဉ်း၍ လျော်ကြေးမပေးဘဲ စျေးကွက် ချဲ့ထွင်ခြင်း၊ ကြော်ငြာခြင်းနှင့် ရောင်းဝယ်ခြင်းဆိုင်ရာ ရည်ရွယ်ချက်များအတွက် သင့်ဗီဒီယိုများအား အပြောင်းအလဲများပြုလုပ်ခြင်း၊ လိုက်လျောညီထွေဖြစ်စေခြင်း (သို့မဟုတ်) ပြုပြင်မွမ်းမံမှုများ ပြုလုပ်ပိုင်ခွင့်နှင့် အတူ သင်သည် ဤနေရာတွင် Promoter ထံသို့ လွှဲပြောင်းပေးအပ်ပါသည်။ Promoter ထံသို့ပေးအပ်မည်ဟု ကတိပြုထားသည့် အခွင့်အရေးများကို ကျင့်သုံးနိုင်ရန်အတွက် သင့်အနေဖြင့် လိုအပ်သည့်အရာအားလုံး လုပ်ဆောင်ရပါမည် ၊ လိုအပ်သည့်စာရွက်စာတမ်းများအားလုံး ဖြည့်စွက်ရပါမည် (သို့မဟုတ်) Promoter အတွက် လိုအပ်များကို လုပ်ဆောင်ရပါမည်။
 

၂။  ဤပြိုင်ပွဲနှင့် စပ်လျဉ်း၍ Promoter ထံသို့ ပေးအပ်ထားသည့် အခွင့်အရေးများမှ ပေါ်ပေါက်လာနိုင်သည့် တောင်းဆိုချက်များ (သို့မဟုတ်) သင် (သို့မဟုတ်) ပြင်ပအဖွဲ့အစည်းတစ်ခုက တောင်းဆိုနိုင်သည့် တောင်းဆိုချက်များအားလုံးထံမှ သင့်အနေဖြင့် Promoter အား ကင်းလွတ်ခွင့်ပေးပါသည်။
 

ဆ။ အခြားအခြေအနေများ-

၁။ ပြိုင်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ပုံနှင့် ဆုများနှင့်သက်ဆိုင်သည့် အသေးစိတ်အချက်များအပါအဝင် စျေးကွက်မြှင့်တင် ရေးနှင့်စပ်လျဉ်းသမျှအရာအားလုံးသည် ဤစည်းမျဉ်းစည်းကမ်းများ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ပြိုင်ပွဲနှင့် ဆက်စပ်နေသည့်  ကြော်ငြာ၊ စျေးကွက်မြှင့်တင်ရေး (သို့မဟုတ်) လူသိရှင်ကြား ကြော်ငြာစာများသည် ဤစည်းမျဉ်းစည်းကမ်းများနှင့် ကွဲလွဲမှုရှိခဲ့ပါက ဤစည်းမျဉ်းစည်းကမ်းများကသာ လွှမ်းခြုံ မည်ဖြစ်ပါ သည်။

၂။ ဆုချီးမြှင့်ခြင်းအပါအဝင် ပြိုင်ပွဲနှင့်ပတ်သက်သည့် ကိစ္စရပ်အားလုံးအတွက် Promoter ၏ ဆုံးဖြတ်ချက်သည် အပြီးသတ်၊ သေချာမှုရှိသည့် စည်းနှောင်မှုဖြစ်သည်။

၃။ သင့်ထံမှ စုဆောင်းရရှိသော (သို့မဟုတ်) လက်ခံရရှိထားသော ကိုယ်ရေးကိုယ်တာအချက်အလက်များ နှင့် အဖြေများကို သင်မည်သူမည်ဝါဖြစ်သည်ဟူသည့် အထောက်အထားနှင့်စပ်လျဉ်းသည့် နောက်ခံအခြေအနေစစ်ဆေးခြင်း၊ ပါဝင်ယှဉ်ပြိုင်ရန်နှင့် ဆုလက်ခံရယူရန် အရည်အချင်းပြည့်မီမှုအနေအထားကို အတည်ပြုခြင်းနှင့် ဆုရရှိသူများ၏ ကြေညာချက်ကို  ထုတ်ပြန်ကြေညာခြင်းတို့အပါအဝင် ပြိုင်ပွဲစီမံခန့်ခွဲခြင်းနှင့် စျေးကွက်မြှင့်တင်ခြင်းဆိုင်ရာ ရည်ရွယ်ချက်များအတွက် Promoter က အသုံးပြုနိုင်ပါသည်။ ပြိုင်ပွဲတွင်ပါဝင်ခြင်းဖြင့် ထိုသို့သော ရည်ရွယ်ချက်များအတွက် ပေးထားသောဆက်သွယ်ရေးအချက်အလက်များတစ်ဆင့် သင့်ထံသို့ ပြိုင်ပွဲဘက်မှ တာဝန်ရှိသူက ဆက်သွယ်ရန် အတိအလင်းခွင့်ပြုပါသည်။

၄။ သင်၏ဆုလက်ခံမှု၊ ဆုအသုံးပြုမှု၊ ပြိုင်ပွဲဝင်ပြိုင်ခြင်း (သို့မဟုတ်) ဆုနှင့်စပ်လျဉ်းသည့် လုပ်ဆောင်ချက်တစ်ခုခုတွင် ပါဝင်ခြင်းကြောင့်ဖြစ်ပေါ်လာသော တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ၊ အမှတ်မထင်ဖြစ်စေ၊ နောက်ဆက်တွဲဖြစ်စေ၊ အထူး (သို့မဟုတ်)  ပြင်းထန်သောဆုံးရှုံးမှုများအပါအဝင် ထိခိုက်မှုများ (သို့မဟုတ်) ဆုံးရှုံးမှုများအတွက် Promoter (သို့မဟုတ်) ယင်းတို့၏ သက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် တာဝန်မရှိပါ။  ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခြင်းဖြင့် Promoter (သို့မဟုတ်) ယင်းတို့၏ သက်ဆိုင်ရာ အဖွဲ့အစည်းများအား သင့်အနေခြင့် ကြုံတွေ့ရနိုင်သည့် (သို့မဟုတ်) တစ်ခုလုံးဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ပေါ်ထွက်လာနိုင်သည့် ရပိုင်ခွင့်များ၊ တောင်းဆိုချက်များ၊ တောင်းဆိုမှုများ၊ လုပ်ဆောင်မှု၏အကြောင်းရင်းများ၊ ဆုံးရှုံးမှုများ၊ ပျက်စီးဆုံးရှုံးမှုများ၊ စရိတ်များနှင့် ကုန်ကျစရိတ်များမှ ကင်းလွတ်ခွင့်ပေးရန်နှင့် ထိခိုက်မှုမရှိစေရန် သဘောတူညီပါသည်။

၅။ အထက်ဖော်ပြပါအချက်များအားလုံးရှိပါသော်လည်း Promoter သည် ကြိုတင်အသိပေးခြင်းမရှိဘဲ ဤစည်းမျဉ်းစည်းကမ်းများကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ အစားထိုးခြင်း၊ ပြောင်းလဲခြင်းနှင့်/သို့မဟုတ် မွမ်းမံခွင့် ရှိပါသည်။ ဤပြိုင်ပွဲသို့ဝင်ရောက်ခြင်းသည် ဤစည်းမျဉ်းစည်းကမ်းများနှင့် ယင်းတို့၏ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ အစားထိုးခြင်း၊ ပြောင်းလဲခြင်းနှင့် မွမ်းမံခြင်းတို့ကို လက်ခံကြောင်း အတည်ပြုခြင်းဖြစ်ကာ အပြီးသတ်ဖြစ်ပြီး စည်းနှောင်မှုရှိပါသည်။

၆။ စည်းကမ်းချက် (သို့မဟုတ်) စည်းကမ်းချက်၏တစ်စိတ်တစ်ပိုင်းသည် ဥပဒေတစ်ရပ်ရပ်အရ ပျက်ပြယ်ခြင်း၊ တရားမဝင်ခြင်း (သို့မဟုတ်) ပြဋ္ဌာန်းနိုင်ခြင်းမရှိပါက အဆိုပါ အတိုင်းအတာအထိ ပျက်ပြယ်၊ တရားမဝင် (သို့မဟုတ်) မကျင့်သုံးနိုင်ပဲ ပြိုင်ပွဲ၏ ကျန်ရှိနေသောစည်းကမ်းချက်များ (သို့မဟုတ်) အခြားစည်း ကမ်းချက်များအပေါ်  ပြဋ္ဌာန်းနိုင်မှုကို ထိခိုက်စေခြင်း (သို့မဟုတ်) ထိခိုက်နစ်နာစေခြင်း မရှိစေရပါ။

၇။ ပြိုင်ပွဲနှင့် စည်းမျဉ်းစည်းကမ်းများကို မြန်မာနိုင်ငံဥပဒေများအရ အနက်အဓိပ္ပါယ်ဖွင့်ဆိုမည်ဖြစ်ပြီး လွှမ်းမိုးစေ မည်ဖြစ်သည်။ သက်ဆိုင်သူများသည် မြန်မာနိုင်ငံတရားရုံးများ၏ သီးသန့်စီရင်ပိုင်ခွင့်အာဏာကို အသိအမှတ်ပြုပါသည်။

၈။ ကိုယ်ရေးကိုယ်တာမူဝါဒအတွက် https://www.coca-cola.com/mm/my/legal/privacy-policy တွင် ကျေးဇူးပြု၍ ဝင်ရောက်ပါ။