ကျွန်ုပ်တို့ရဲ့ နောက်ခံသမိုင်းကြောင်း

မေလ (၈) ရက် ၁၈၈၆ ခုနှစ်မှာ Dr. John Pemberton ဟာ ကမ္ဘာ့ ပထမဦးဆုံး ကိုကာကိုလာကို Atlanta မြို့ Ga  ပြည်နယ် မှာရှိတဲ့ Jacobs' ဆေးဆိုင် မှာ စတင်မိတ်ဆက်ပေးခဲ့ပါတယ်။

​ အဲဒီလို ဂန္တဝင်ဆန်တဲ့ အချိုရည်တစ်မျိုးကနေအစပြုပြီးတော့ ကျွန်ုပ်တို့ရဲ့ ဖျော်ရည်ကုမ္ပဏီကြီး မွေးဖွားလာပါတော့တယ်။   

 

နေ့စဥ် ကျွန်ုပ်တို့ရဲ့ ၂.၁ သန်းကျော်တဲ့ အချိုရည်တွေကို နိုင်ငံပိုင်နက်ပေါင်း ၂၀၀ ကျော်မှာ သောက်သုံးလျက်ရှိကြပါတယ်။ ဒါ့အပြင် လူ ၇ သိန်းလောက်က The Coca‑Cola Company မှာ ဝင်ရောက်လုပ်ကိုင်နေကြလျက်ရှိပြီး ကျွန်ုပ်တို့မှာ ပုလင်းခွံထုတ်ပိုးမှု မိတ်ဖက်အဖွဲ့အစည်း  ၂၂၅ ခု နဲ့အထက်ရှိပြီး  လန်းဆန်းသစ်လွင်မှုတွေကို တစ်ကမ္ဘာလုံးအနှံ့ ကူညီဖြန့်ချိလျက်ရှိပါတယ်။

ပြီးပြည့်စုံတဲ့ သမိုင်း ကမ္ဘာတစ်ခွင် လန်းဆန်းစေပြီး ထူးခြားမှုကို ယူဆောင်လာပေးမယ်။

နှစ်ပေါင်း ၁၃၅ နှစ်နဲ့ အထက်တိုင်အောင် Coca‑Cola ကုမ္ပဏီဟာ အားလပ်ရက်တွေ ထူးခြားတဲ့ ပွဲတော်တွေနဲ့ နေ့ရက်အချိန်တိုင်းမှာ လူသားတွေရဲ့ ဘဝအစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်လျက်ရှိနေခဲ့ပါတယ်။  ကျွန်ုပ်တို့၏ဂန္တဝင်ဆန်တဲ့အမှတ်တံဆိပ်နှင့် ကြေညာမိတ်ဆက်များမှသည် ကမ္ဘာအနှံ့ရှိ ရှင်သန်ရပ်တည်ရေးခြေလှမ်းများအထိ ကမ္ဘာကြီးကို တပြိုင်နက်တည်းလန်းဆန်းသစ်လွင်စေပြီး ထူးခြားလာစေရန် Coca‑Cola ကုမ္ပဏီမှ ရည်ရွယ်ပါသည်။

ကမ္ဘာလုံးပုံရှေ့တွင် Coca-Colaဗူးကိုင်ထားသည့်လက်၏ ခေတ်ဟောင်းပုံစံ အရောင်စုံပုံရိပ်

Coca‑Cola ရဲ့ ပထမဦးဆုံး ပုလင်းခွံပုံစံ

အရောင်ခြယ်ထားတဲ့ ပုလင်းခွံပုံစံကို အနုပညာ, ဂီတ နဲ့ ကြေညာမိတ်ဆက်တွေမှာ ဆင်နွှဲအသုံးပြုခဲ့ပါတယ်။ ၁၉၁၅ ခုနှစ်မှာ စတင်ခဲ့တဲ့ ကမ္ဘာကျော်ပြယုဂ်များထဲက တစ်ခုဖြစ်အောင် အစချီပေးခဲ့တဲ့ ပူးပေါင်းဆောင်ရွက်မှုအကြောင်းကို ဖတ်ရှုရန်။ 

Coca-Cola ရဲ့ ပထမဦးဆုံး ပုလင်းခွံပုံစံ

သာမန်ထက်ထူးခြားပြည့်စုံတဲ့ Diet Coke ဖြစ်ပေါ်လာပုံ

၁၉၈၀ ခုနှစ်ရဲ့ နွေရာသီမှာ Coca‑Cola ရဲ့ စီမံကိန်းမန်နေဂျာတစ်ဦး ဖြစ်တဲ့ Jack Carew ဟာ ဆယ်စုနှစ် နှစ်ခုကြာအောင် စီစဉ်ခဲ့ပေမယ့် အထမမြောက်ခဲ့တဲ့ ပရောဂျက်တစ်ခုကို ကိုင်တွယ်ရဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ အဲဒီမှာ သူဟာ Coca‑Cola ရဲ့ “အဆီမပါ”တဲ့ ဗားရှင်းတခုကို မိတ်ဆက်ခဲ့ပါတယ်။ 

သာမန်ထက်ထူးခြားပြည့်စုံတဲ့  Diet Coke ဖြစ်ပေါ်လာပုံ