မြန်မာနိုင်ငံ ကိုယ်ရေးအချက်အလက်လုံခြုံရေးဆိုင်ရာမူဝါဒ

ကျွန်ုပ်တို့၏ တာဝန်သည် ကမ္ဘာတစ်ဝှမ်းလုံးကို လန်းဆန်းစေရန်ဖြစ်ကာ ယင်းကို ကျွန်ုပ်တို့ Coca‑Cola Limited အနေဖြင့် သင်၏ ယုံကြည်အားထားမှု မရှိဘဲ မဆောင်ရွက်နိုင်ပါ။ သို့ဖြစ်ပါ၍ သင့်ထံမှ ကျွန်ုပ်တို့က မည်သည့်အချက်အလက်များကို စုဆောင်းကောက်ယူနေကြောင်းနှင့်၊ ကျွန်ုပ်တို့ပေးနိုင်သော အကောင်းဆုံးနှင့် အလန်းဆန်းဆုံး တွေ့ကြုံခံစားမှုကို  ပေးအပ်ရာတွင် အဆိုပါ အချက်အလက်များကို မည်သို့ အသုံးပြုလျက်ရှိကြောင်းတို့ကို အတိအကျပြသရန် အောက်ပါ သတင်း အချက်အလက်ကို ပေးအပ်ပါသည်။

ဤကိုယ်ရေးအချက်အလက်လုံခြုံရေးဆိုင်ရာမူဝါဒတွင် ယင်းနှင့်ချိတ်ဆက်ထားသည့် လှုပ်ရှားဆောင် ရွက်မှုများမှတဆင့် ကောက်ခံထားသော အချက်အလက်များအပေါ် ကျွန်ုပ်တို့၏ လုပ်ထုံးများကို ဖော်ပြထားပြီး ထိုသို့ ချိတ်ဆက်ထားရာတွင် ဝက်ဘ်ဆိုဒ်များ (ကျွန်ုပ်တို့၏ “ဝက်ဘ်ဆိုဒ်များ - the Sites”) နှင့် မည်သည့် မိုဘိုင်းလ်ဆိုဒ်များမဆို၊ အက်ပ်များမဆို၊ ဝစ်ဂျက်ကိရိယာများမဆိုနှင့် အခြားသော မိုဘိုင်းလ်တုံ့ပြန်မှုဆိုင်ရာ အင်္ဂါရပ်များ (တစုတစည်းတည်း ကျွန်ုပ်တို့၏ “အက်ပ်များ”)မဆို ပါဝင်သည်။ ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုဒ်များနှင့် အက်ပ်များနှင့် ချိတ်ဆက်ထားသည့် အခြားဝန်ဆောင်မှုများ - ပရိုမိုးရှင်းများနှင့် ဆုပေးပရိုဂရမ်များကဲ့သို့သော ဝန်ဆောင်မှုများကိုပါ ပေးအပ်လာနိုင်ခြေရှိကာ ယင်းတို့ကို ကျွန်ုပ်တို့ကိုင်တွယ်သော တရားဝင်လူမှုမီဒီယာစာမျက်နှာများ (ကျွန်ုပ်တို့၏ “လူမှုမီဒီယာစာမျက်နှာများ”) မှတဆင့်သော်လည်းကောင်း၊ HTMLပုံစံဖြင့် သတ်မှတ်ထား သော အီးမေးလ်စာတိုများကို ပေးပို့ခြင်းဖြင့်သော်လည်းကောင်း (တစုတစည်းတည်းအားဖြင့် လူမှုမီဒီယာစာမျက်နှာများ၊ အက်ပ်များနှင့် ဝက်ဘ်ဆိုက်များ - “Sites”) ပေးအပ်နိုင်ပါသည်။

ကျွန်ုပ်တို့အား ကိုယ်ရေးအချက်အလက်များ ပေးအပ်ခြင်းအားဖြင့် ဤကိုယ်ရေးအချက်အလက် လုံခြုံရေးဆိုင်ရာမူဝါဒပါ စည်းမျဥ်းနှင့် သတ်မှတ်ချက်များကို သင့်အနေနှင့် သဘောတူညီပြီး အတိအလင်း ခွင့်ပြုချက်ပေးပြီးဖြစ်သည်။

ကျွန်ုပ်တို့သည် ကိုယ်ရေးအချက်အလက်လုံခြုံမှုကို အလေးအနက်ထားသော်လည်း၊ သင်နှင့် ဆက်ဆံ ရေးကို အရေးတယူဖြင့် ပို၍အလေးအနက်ထားပါသည်။

ကိုယ်ရေးအချက်အလက်

ကိုယ်ရေးအချက်အလက်”ဟူသည် ယေဘုယျအားဖြင့် သင့်အား တစ်ဦးတစ်ယောက်အနေဖြင့် မည်သူ ဖြစ်ကြောင်း တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ခွဲခြားဖော်ပြသည့် အချက်အလက်မှန်သမျှကို ဆိုလိုပြီး ကျွန်ုပ်တို့က ယင်းနှင့် ဆက်စပ်ထားသော အခြားမည်သည့်အချက်အလက်ကိုမဆို ဆိုလိုသည်။ အချက်အလက် အမျိုးအစားအချို့ကို အချို့သောရင်းမြစ်အမျိုးမျိုးမှ စုစည်းထားသည်။

၁။ ပရိုဖိုင်အချက်အလက်နှင့် သင်က ကျွန်ုပ်တို့ထံ​ စေတနာဖြင့် ပေးအပ်သော အခြားအကြောင်းအရာ များတွင် အောက်ပါတို့ပါဝင်နိုင်သည် - 

  • အသုံးပြုသူအမည် (User name)နှင့် လျှို့ဝှက်ကုဒ်။
  • ကျွန်ုပ်တို့၏ ဆိုဒ်များတွင် သင်မှတ်ပုံတင်ထားသော ဆက်သွယ်ရန် အချက်အလက် - သင့်အမည်၊ လမ်းလိပ်စာ၊ လူဦးရေဆိုင်ရာ အချက်အလက် (လိင်ဖြစ်တည်မှုကဲ့သို့ သော)၊ မွေးနေ့၊ မိုဘိုင်းလ်ဖုန်းနှင့် အိမ်ဖုန်းနံပါတ်၊ နှင့်/သို့မဟုတ် အီးမေးလ်လိပ်စာ စသည်။
  • အခြားလူများအကြောင်း အချက်အလက်လည်း ပေးအပ်နိုင်ပြီး ဥပမာဆိုရလျှင် သင့်ကိုယ်စား လက်ဆောင်တစ်ခုပို့ပေးရန် ကျွန်ုပ်တို့အား ညွှန်ကြားချိန်ကဲ့သို့တွင် ပေးအပ်နိုင်သည်။
  • Sitesရှိ အများပြည်သူသုံးနေရာတွင် သင်တင်သော မည်သည့်အကြောင်းအရာ သို့မဟုတ် အထောက်အကူပြုသော အကြောင်းအချက်များမဆို။ ယင်းတွင် သင်တင်ပို့နိုင်သော ကွန်မန့်များ၊ ဗွီဒီယိုများနှင့် ဓာတ်ပုံများလည်း ပါဝင်သည်။ လူမှုမီဒီယာဆိုဒ်တစ်ခုမှတဆင့် ကျွန်ုပ်တို့အား ဆက်သွယ်ပါက ကျွန်ုပ်တို့သည် သင်၏ လူမှုမီဒီယာဆိုင်ရာ ခွဲခြားဖော်ပြသည့် အချက်အလက်များကိုပါ ကောက်ယူသိမ်းဆည်း နိုင်ပါသည်။
  • လူမှုမီဒီယာ၊ အီးမေးလ် သို့မဟုတ် ကျွန်ုပ်တို့၏ ဝယ်ယူသူများအတွက် ဖုန်းခေါ်ဆိုနိုင် သည့် စင်တာကဲ့သို့ ကျွန်ုပ်တို့နှင့် ဆက်သွယ်မှုများအတွက် သင်ပေးအပ်သော မည်သည့် အချက်အလက်မဆို။
  • သင့်အနေနှင့် ကျွန်ုပ်တို့ထံမှ ဝယ်ယူသောအခါ သို့မဟုတ် လှူသောအခါ သို့မဟုတ် ထောက်ပံ့ကူညီမှု ပေးသောအခါကဲ့သို့အတွက် ငွေပေးချေမှုအချက်အလက်လည်း ပါဝင်ပြီး ကျွန်ုပ်တို့သည်လည်း ငွေပေးချေမှုကို ဆောင်ရွက်ရန် သင်၏ ငွေတောင်းခံမှု ဆိုင်ရာ အချက်အလက် လိုအပ်ပါသည်။

၂။ Sitesကို သင်အသုံးပြုသောအခါ သင်၏ခွင့်ပြုချက် တောင်းခံမှုမရှိဘဲ ကောက်ယူသော အချက် အလက်များရှိကာ ကျွန်ုပ်တို့၏ ဝက်ဘ်ဆာဗာကနှင့် ကျွန်ုပ်တို့ အသုံးပြုသော ခွဲခြမ်းစိတ်ဖြာရေး ကိရိယာများက ကောက်ယူပါသည် -

  • ကျွန်ုပ်တို့ စနစ်၏ မှတ်တမ်းများတွင် ကျွန်ုပ်တို့ Sitesသို့ လာရောက်လည်ပတ်သူများ အကြောင်း အချက်အလက်အချို့ကို မှတ်တမ်းတင်ထားနိုင်ပြီး ယင်းတွင် ဝက်ဘ် တောင်းဆိုလွှာ၊ အင်တာနက်ပရိုတိုကောလ် (“IP”) လိပ်စာ၊ စက်နှင့် မိုဘိုင်းလ် ကြော်ငြာ ခွဲခြားသတ်မှတ်ပေးမှုများ၊ ဘရောက်ဆာအချက်အလက်၊ Sitesနှင့် တုံ့ပြန်ထိတွေ့မှု၊ ကြည့်ရှုခဲ့သော စာမျက်နှာများ၊ အက်ပ်အသုံးပြုမှု၊ နှင့်အခြား အချက်အလက်တို့ ပါဝင်သည်။ ကျွန်ုပ်တို့ထံမှ သင်လက်ခံရရှိသော အီးမေးလ်များပါ ဆင်တူညီသော အချက်အလက်များကိုလည်း ကောက်ယူနိုင်ကာ ယင်းတွင် လက်ခံ ရရှိသူများက မည်သည့် အီးမေးလ်ကို ဖွင့်ကြည့်ကြောင်းနှင့် မည်သည့်လင့်ခ်များကို နှိပ်ကြည့်ကြောင်းအား နောက်ကြောင်းပြန်ကြည့်ရှုနိုင်ရန် ကူညီပေးသည့်များလည်း ပါဝင်သည်။
  • Sitesအား သင်မည်သို့ အသုံးပြုသည်ကို နားလည် သဘောပေါက်ရန်နှင့် သင်၏ အတွေ့အကြုံကို ကျွန်ုပ်တို့က သင့်စိတ်ကြိုက် ဒီဇိုင်းဖန်တီးပေးရန် ကျွန်ုပ်တို့သည် အချို့သော ကွတ်ကီးများ၊ ပစ်ဆယ်လ်(pixel)တက်ဂ်များနှင့် အခြား နည်းပညာများကို အသုံးပြုလျက်ရှိပါသည်။ ကျွန်ုပ်တို့သည် ကြော်ငြာရှင်များနှင့် အခြားသော တတိယ ပုဂ္ဂိုလ်ပါတနာများအား သင်၏စက်ပစ္စည်းများထံ ကြော်ငြာများ သို့မဟုတ် ဝန်ဆောင်မှု များ ပေးအပ်ရန် တောင်းဆိုနိုင်ပြီး၊ ယင်းသည် ကွတ်ကီးများ သို့မဟုတ် ကျွန်ုပ်တို့၏ Sitesတွင် အသုံးပြုသော နည်းပညာများနှင့် ဆင်တူညီသည်များအပေါ် အားထားပါသည်။
  • ကျွန်ုပ်တို့သည် သင့်စက်ပစ္စည်း၏ တည်နေရာကို ထောက်လှမ်းသည်မျိုးလည်း ရှိနိုင်ပြီး ဥပမာဆိုရလျှင် မိုဘိုင်းလ်အက်ပ်များက ကောက်ယူထားသော GPSအချက်အလက် သို့မဟုတ် သင်၏ ဝက်ဘ် ဘရောက်ဆာက ဝေမျှသော တည်နေရာ အချက်အလက်များကို အသုံးပြုခြင်းဖြစ်သည်။ ဤအချက်အလက်များအား ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို မြှင့်တင်ရန် သို့မဟုတ် လွယ်ကူချောမွေ့စေရန် ရည်ရွယ်၍ ကောက်ယူကာ၊ သင့်အား ပရိုမိုးရှင်းဆိုင်ရာ အချက်အလက် သို့မဟုတ် သင်အနီးနားရှိနှင့်သက်ဆိုင်သော ထုတ်ကုန်အချက်အလက်တို့ကို ပေးအပ်နိုင်သည့် လုပ်ငန်းအချို့ကို ဖွင့်ယူအသုံးပြုနိုင်ရန်ကဲ့သို့ ရည်ရွယ်သည်။ ကျွန်ုပ်တို့သည် သင့်စက် ပစ္စည်း၏ တည်နေရာကို အသုံးပြုသည်လည်း ဖြစ်ပေါ်နိုင်ကာ ကျွန်ုပ်တို့၏ Sitesနှင့် အခြားဝန်ဆောင်မှုများနှင့် လုပ်ငန်းများအား အသုံးပြုပုံကို ပိုမိုနားလည် သဘောပေါက်ကာ သင့်အား သက်ဆိုင်မှုရှိသောနှင့် သင့်စိတ်ကြိုက် ဒီဇိုင်းချထားသော တည်နေရာအခြေပြု ဝန်ဆောင်မှုများနှင့် အကြောင်းအရာများကို ကြော်ငြာအပါအဝင် ပေးအပ်ရန်အတွက် ဖြစ်သည်။  သင့်အနေနှင့် ဤအချက်အလက် စုဆောင်းမှု ပြင်ပသို့ ရောက်ရှိလိုပါက သင်၏စက်ပစ္စည်းပါ ချိန်ညှိချက်များကို ညှိယူခြင်းဖြင့် သင်၏ တည်နေရာအား ကျွန်ုပ်တို့ထံ သို့မဟုတ် တတိယ ပုဂ္ဂိုလ်ပါတနာများထံ မရောက်ရှိစေ ရန်ဆောင်ရွက်နိုင်ပြီး  ယင်းကို (က) စက်ပစ္စည်း၏ ချိန်ညှိချက် (setting)ပါ တည်နေရာ ဝန်ဆောင်မှုကို ပိတ်ခြင်းဖြင့်သော်လည်းကောင်း၊ (ခ) ဝက်ဘ်ဆိုဒ်အချို့ သို့မဟုတ် မိုဘိုင်းအက်ပ်များက မိုဘိုင်းစက်ပစ္စည်းသို့မဟုတ် ဘရောက်ဆာပါ သက်ဆိုင်ရာ သဘောကျချက်များနှင့်ခွင့်ပြုချက်များကို ပြောင်းလဲခြင်းဖြင့် တည်နေရာ အချက် အလက်ကို ရယူခွင့်အား ဝက်ဘ်ဆိုဒ်အချို့ သို့မဟုတ် မိုဘိုင်းအက်ပ်များထံ မပေးအပ် ငြင်းဆိုခြင်းဖြင့်သော်လည်းကောင်း ဆောင်ရွက်နိုင်သည်။ သင်၏ ဝိုင်ဖိုင်၊ ဘလူးတု၊ နှင့် အခြားသော စက်ပစ္စည်းဆိုင်ရာ ချိန်ညှိချက်မှတဆင့် တည်နေရာကို ရယူနိုင်ကြောင်း လည်း ကျေးဇူးပြု၍ သတိပြုပါ။ အချက်အလက်ပိုမိုသိရှိလိုပါက သင်၏ စက်ပစ္စည်း ဆိုင်ရာ ချိန်ညှိချက်များအကြောင်း ဆွေးနွေးပါ။

၃။ ကျွန်ုပ်တို့သည်  တတိယ ပုဂ္ဂိုလ်ပါတနာများထံမှ အချက်အလက်များကို ရရှိနိုင်ပြီး ယင်းတွင် ကြော်ငြာရေးနှင့် စျေးကွက်မြှင့်တင်ရေး ပါတနာများ၊ အများပြည်သူသုံး ဒေတာဘေ့စ်များ၊ နှင့် လူမှုမီဒီယာပလက်ဖောင်းများစသည်တို့ ပါဝင်ပြီး ကျွန်ုပ်တို့၏ စားသုံးသူများထံမှ ရရှိသော အချက်အလက်ကို ပံ့ပိုးရန် ရည်ရွယ်သည်။ ထိုသို့ဆိုလျှင် ဤမူဝါဒတွင် အဆိုပါ အချက်အလက်ကို အသုံးပြုနိုင်ပုံအား သတ်မှတ်ဖော်ပြထားသည်။

၄။ သင်၏ ကိုယ်ရေးအချက်အလက်ကို စုဆောင်းခြင်းသာမကဘဲ သင်မည်သူဖြစ်ကြောင်း ခွဲခြားဖော် ပြမှု မရှိသောနှင့် သင်၏ကိုယ်ရေးအချက်အလက်ဖြင့် ဆက်စပ်မှုမရှိသော အချက်အလက်ကို စုဆောင်းနိုင်သည်။ ကျွန်ုပ်တို့သည် သင့်အား ခွဲခြားဖော်ပြနိုင်မှု ဆက်မရှိနိုင်စေရန် ခွဲခြားဖော်ပြ ပေးသော သို့မဟုတ် မည်သူဖြစ်ကြောင်း သိသာစေသော အချက်အလက်ကို ပြုပြင်ပေးနိုင်သည်။ အဆိုပါအချက်အလက်များအား စျေးကွက်မြှင့်တင်ရေးနှင့် အခြားလှုပ်ရှားမှုတို့တွင် အသုံးပြုရန်အတွက် စုပေါင်းကာ အသုံးပြုနိုင်ပြီး  ကျွန်ုပ်တို့၏ စားသုံးသူများ၏ ကိုယ်ရေးအချက်အလက်ကို အသုံးမပြုဘဲ ဤကိုယ်ရေးအချက်အလက် လုံခြုံရေး ဆိုင်ရာ မူဝါဒ၏ သက်ရောက်နိုင်မှုပြင်ပတွင် ရှိသဖြင့် စားသုံးသူများအား ကာကွယ်ပေးသည့် ပုံစံဖြင့် အသုံးပြုနိုင်သည်။

သင်၏ ကိုယ်ရေးအချက်အလက်အား ကျွန်ုပ်တို့ အသုံးပြုနိုင်ပုံ

သင်၏ ကိုယ်ရေးအချက်အလက်ကို ဥပဒေက ခွင့်ပြုထားသည့်အတိုင်း အောက်ပါ လုပ်ငန်းရည်ရွယ် ချက်များအတွက် အသုံးပြုနိုင်ပါသည်-

  • သင်၏ မေးမြန်းချက်များကို တုံ့ပြန်ကာ သင်၏ တောင်းဆိုချက်များကို ဖြည့်ဆည်းရန်
  • သင်နှင့် အမှာစာများ၊ ဝယ်ယူမှုများ၊​ ပြန်လည်ပေးသွင်းမှုများ၊ ဝန်ဆောင်မှုများ၊ လှူဒါန်းမှုများ၊ ပရိုမိုးရှင်းများ၊ ကန်ပိန်းများ၊ အစီအစဥ်များ၊ ပြိုင်ပွဲများ၊ ကံစမ်းမဲများ၊ ဆုများနှင့် အကောင့်များအကြောင်း ဆက်သွယ်ရန်နှင့် ယင်းတို့ကို ဆောင်ရွက်ရန်
  • သင့်အား ကျွန်ုပ်တို့၏ ကုန်အမှတ်တံဆိပ်များ၊ ထုတ်ကုန်များ၊ ပရိုမိုးရှင်းများ၊ ပွဲများ သို့ မဟုတ် အခြား အရောင်းမြှင့်တင်ရေး ရည်ရွယ်ချက်များအကြောင်း အသိပေးရန်
  • သင့်ထံမှ အချိန်တစ်ခုကြာ ဆက်သွယ်မှုမရှိလျှင် သင့်ကို ပြန်လည်ဆက်သွယ်ရန်
  • သင့်ထံ ကျွန်ုပ်တို့၏ မည်သည့်ဆက်စပ်အဖွဲ့အစည်းများထံမှ ကြော်ငြာများ/ ပရိုမိုးရှင်းဆိုင်ရာပစ္စည်းများအား ကျွန်ုပ်တို့၏ ပရိုမိုးရှင်းဆိုင်ရာနှင့် မဟာဗျူဟာချ ပါတနာများ၏ ကိုယ်စား ပေးပို့ရန်
  • သင်၏ ကျွန်ုပ်တို့နှင့်အတွေ့အကြုံကို သင့်စိတ်ကြိုက် ဒီဇိုင်းသတ်မှတ်ပေးခြင်းကဲ့သို့ သော ကျွန်ုပ်တို့၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကဲ့သို့သော သင်၏ အတွေ့အကြုံကို မြှင့်တင်ရန်
  • သင့်အား စစ်တမ်းမဲများ၊ ကံစမ်းမဲများ၊ ပရိုမိုးရှင်းများ၊ ပြိုင်ပွဲများနှင့် အခြားပရိုမိုးရှင်း များတွင် ပါဝင်ခွင့်ပေးရန်နှင့် ယင်းလှူပ်ရှားမှုများကို ကွပ်ကဲရန်
  • သင်၏ ညွှန်ကြားချက်များနှင့် အညီ လက်ဆောင်ကဒ်များ သို့မဟုတ် လက်ဆောင်များ အား အခြားသူများထံ​ပေးပို့ပေးရန်
  • သင့်အား လူမှုမီဒီယာပေါ်တွင် တိုက်ရိုက်ထုတ်လွှင့်မှုအကြောင်းအရာများ အပါအဝင် လသင်၏ ူမှုမျှဝေမှုများတွင် ပါဝင်ခွင့်ရရန် ခွင့်ပြုပေးရန်
  • ခွဲခြမ်းစိတ်ဖြာမှုများ၊ အရည်အသွေးထိန်းချူပ်မှု၊ စျေးကွက်သုတေသနတို့ကို ဆောင်ရွက်ရန်နှင့် ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုဒ်များ၊ မိုဘိုင်းလ်အက်ပ်များ၊ ပရိုမိုးရှင်း ကန်ပိန်းများ၏ ထိရောက်မှုကို သတ်မှတ်ဆုံးဖြတ်ရန်၊ နှင့် ထုတ်ကုန်အသစ်များ နှင့် ဝန်ဆောင်မှုများကို ဖန်တီးထုတ်လုပ်ရန်

ကျွန်ုပ်တို့သည် သင်၏ ကိုယ်ရေးအချက်အလက်များအား အချို့သော မဖြစ်မနေလိုအပ်သည့် ရည်ရွယ်ချက်များအတွက် လိုအပ်သည်ဟု ကျွန်ုပ်တို့က ယုံကြည်သည့်အလျော်က် သို့မဟုတ် သင့်လျော်ကိုက်ညီသည့်အလျေောက် အသုံးပြုနိုင်သည် - 

  • တည်ဆဲဥပဒေနှင့် တရားဝင်လုပ်ငန်းစဥ်တို့နှင့် လိုက်လျောညီထွေရှိရန်
  • သင်နေထိုင်သော နိုင်ငံ၏ ပြင်ပရှိ ပြည်သူ့ဝန်ထမ်းနှင့် အစိုးရအခွင့်အာဏာပိုင်များ အပါအဝင် အစိုးရအခွင့်အာဏာပိုင်များထံမှ တောင်းဆိုချက်များကို တုံ့ပြန်ရန်
  • ဖြစ်ပေါ်လာနိုင်သည့် လုံခြုံရေးဆိုင်ရာ အခြေအနေများ သို့မဟုတ် လိမ်လည်မှုများ အား ဖော်ထုတ်ရန်၊ ကာကွယ်ရန် သို့မဟုတ် စုံစမ်းစစ်ဆေးရန်
  • ကျွန်ုပ်တို့၏ မိုဘိုင်းလ်အက်ပ်ပလီကေးရှင်းများနှင့် ဝက်ဘ်ဆိုဒ်များ၏ လုပ်ငန်း ဆောင်တာများကို ပံ့ပိုးထောက်ပံ့ရန်
  • အရေးကြီးသော ထုတ်ကုန်လုံခြုံရေး အချက်အလက်များကို ပေးအပ်ရန်နှင့် ထုတ်ကုန် ပြန်လည်ထိန်းသိမ်းမှုဆိုင်ရာ အသိပေးစာများကို ပေးအပ်ရန်
  • ကျွန်ုပ်တို့၏ စည်းမျဥ်းများနှင့် သတ်မှတ်ချက်များကို ပြဌာန်းဆောင်ရွက်ရန်
  • ကျွန်ုပ်တို့၏ သို့မဟုတ် ကျွန်ုပ်တို့နှင့် ဆက်စပ်အဖွဲ့များ၏ လုပ်ငန်းလည်ပတ်မှုများကို ကာကွယ်ရန်
  • ကျွန်ုပ်တို့၏ နှင့်/သို့မဟုတ် ကျွန်ုပ်တို့နှင့် ဆက်စပ်အဖွဲ့အစည်းများ၊ သင်နှင့် အခြားတို့၏ အခွင့်အရေးများ၊ ကိုယ်ရေးလုံခြုံမှု၊ လုံခြုံစိတ်ချရမှု သို့မဟုတ် ပိုင်ဆိုင်မှု၊ လုံခြုံရေးတို့ကို ကာကွယ်ရန်
  • ရရှိနိုင်သော ကုစားမှုများကို ဆောင်ရွက်ရန် သို့မဟုတ် ကျွန်ုပ်တို့က ဖြစ်ပေါ်စေသည့် ထိခိုက်နစ်နာမှုများကို ကန့်သတ်ရန် 

သင်သည် Sitesနှင့် ဆက်နွယ်မှုရှိသော အခြားသူများနှင့် ဆက်စပ်နေသည့် မည်သည့် ကိုယ်ရေး အချက်အလက်ကိုမဆို ပေးသွင်းလျှင် သင့်ထံတွင် ထိုသို့ဆောင်ရွက်နိုင်သောနှင့်၊ ဤ ကိုယ်ရေးအချက် အလက်လုံခြုံရေးမူဝါဒနှင့်အညီ အဆိုပါ အချက်အလက်အား အသုံးပြုခွင့်ပေးအပ်နိုင်သော အခွင့်အာဏာရှိသည်ဟု ကိုယ်စားပြုပါသည်။

အဆိုပါအခြေအနေများတွင် သင်၏ ကိုယ်ရေးအချက်အလက်ကို ကျွန်ုပ်တို့ထံ ပေးအပ်ရန် ပျက်ကွက်မှု ရှိလျှင် သင်နှင့် စာချူပ်ချူပ်ရန်၊ ကျွန်ုပ်တို့၏ စာချူပ်ပါ တာဝန်ဝတ္တရားများကို ဆောင်ရွက်ရန်၊ သို့မ ဟုတ် ဥပဒေအရ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ သို့မဟုတ် မည်သည့် တည်ဆဲဥပဒေ သို့မဟုတ် စည်းမျဥ်းမဆိုအား ချိုးဖောက်မှု သို့ ယင်းနှင့် ကိုက်ညီမှုမရှိခြင်းတို့ကို တွေ့ရှိခြင်း၊​စသည်တို့ ကို ဆောင်ရွက်ရန် မဖြစ်နိုင်သည့် ရလဒ်ထွက်ရှိလာနိုင်ပါသည်။

ကိုယ်ရေးအချက်အလက်များကို ထုတ်ဖော်နိုင်ပုံ

၁။ ဥပဒေက ခွင့်ပြုထားသည့် ပမာဏအထိ၊ သင်၏ ကိုယ်ရေးအချက်အလက်များကို တတိယပုဂ္ဂိုလ်များ၏ အောက်ပါအမျိုးအစားများအတိုင်း ပေးပို့ထုတ်ဖော်နိုင်ပါသည် -

  • ဤကိုယ်ရေးအချက်အလက် လုံခြုံရေးတွင် ဖော်ပြထားသော ရည်ရွယ်ချက်များ အတွက် ကျွန်ုပ်တို့နှင့် ဆက်စပ်အဖွဲ့အစည်းများထံ
  • ဝန်ဆောင်မှုများ ပေးအပ်နိုင်စေရန်အတွက် ဝက်ဘ်ဆိုဒ်တည်ထောင်ထိန်းသိမ်းမှု၊ အချက်အလက်ခွဲခြမ်းစိတ်ဖြာမှု၊ ငွေပေးချေမှု လုပ်ငန်းစဥ်၊ မှာယူမှု ပြီးမြောက်မှု၊ အဆောက်အဦဆိုင်ရာ ပေးအပ်မှု၊ အိုင်တီ ဝန်ဆောင်မှုများ၊ ဝယ်သူဝန်ဆောင်မှု၊ အီးမေးလ်ပေးပို့မှု ဝန်ဆောင်မှု၊ အကြွေးဝယ်ကဒ် ဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှု၊ စာရင်းစစ်ဝန်ဆောင်မှုများနှင့် အခြားဝန်ဆောင်မှုများ၊ အစရှိသည့် ဝန်ဆောင်မှုများကို ပေးအပ်သည့် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုပေးသူ တတိယပုဂ္ဂိုလ်များထံ 
  • မည်သည့်ပြန်လည်ဖွဲ့စည်းမှု၊ ပေါင်းစည်းမှု၊ ရောင်းချမှု၊ အကျိုးတူပူးပေါင်း တည်ထောင်မှု၊ နေရာချထားမှု၊ လွှဲပြောင်းမှု သို့မဟုတ် အခြားသော ကျွန်ုပ်တို့လုပ်ငန်း၏ အလုံးစုံ သို့မဟုတ် မည်သည့်တစိတ်တစ်ပိုင်းဖြစ်စေအား လွှဲပြောင်းမှု၊ ပိုင်ဆိုင်မှု သို့မဟုတ် စတော့ရှယ်ယာ (မည်သည့် ဒေဝါလီခံမှု သို့မဟုတ် ယင်းနှင့်ဆင်တူညီသော လုပ်ငန်းစဥ်များနှင့် ဆက်စပ်မှုရှိသည်တို့ အပါဝင်)တို့အတွက်  တတိယပုဂ္ဂိုလ်များထံ
  •  (ဒေဝါလီခံခြင်း သို့မဟုတ် အလားတူလုပ်ဆောင်မှုများနှင့်ဆက်စပ်မှုအပါအဝင်) တစ်ခုခုပြန်လည်ဖွဲ့စည်းခြင်း၊ ပေါင်းစည်းခြင်း၊ ရောင်းချခြင်း၊
  • အထက်တွင် ဖော်ပြထားသည့် မဖြစ်မနေလိုအပ်သော ရည်ရွယ်ချက်များနှင့် ဆက်နွယ်နေမှု (ဥပမာ ဥပဒေရေးရာ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်)

2. ဥပဒေက ခွင့်ပြုပေးသည့် ပမာဏအထိ၊ သင်၏ အမည်၊​ဆက်သွယ်ရန်လိပ်စာ (နှင့် သင်က အများ ပြည်သူ တွေ့မြင်ခွင့်ပြုထားသော မည်သည့် အခြားအချက်အလက်) တို့ကို အောက်ပါ တတိယပုဂ္ဂိုလ် များဆိုင်ရာ အမျိုးအစားအရ ထုတ်ဖော်နိုင်သည် 

  • ဥပဒေက ခွင့်ပြုထားသည့် ပရိုမိုးရှင်း လှုပ်ရှားမှုများအတွက် အထူးဆက်နွယ်မှု ဖြစ်ပေါ်လာမည့် တတိယပုဂ္ဂိုလ် မဟာဗျူဟာဆိုင်ရာ ပါတနာများထံ 
  • သင်ပါဝင်ဆောင်ရွက်သည့် အချို့သော ပရိုမိုးရှင်းများ သို့မဟုတ်  စျေးကွက်မြှင့်တင် ရေး လှုပ်ရှားမှုများနှင့် ဆက်နွယ်နေသော တတိယပုဂ္ဂိုလ်များထံ။ သင်၏ ကိုယ်ရေး အချက်အလက်များကို ကိုင်တွယ်မှုနှင့် ဆက်စပ်သော ပရိုမိုးရှင်း စည်းမျဥ်းများသည် ဤ ကိုယ်ရေးအချက်အလက်လုံခြုံမှုမူဝါဒထက် ပိုမိုတင်းကြပ်သော အတိုင်းအတာဆို လျှင် ပရိုမိုးရှင်းစည်းမျဥ်းများက သက်ရောက်မှုရှိသည်။

3. ဥပဒေက ခွင့်ပြုထားသည့် ပမာဏအထိ၊ Sitesကို သင်အသုံးပြုသောအခါ သင်၏ခွင့်ပြုချက် မတောင်းခံဘဲ ကောက်ယူထားသော အချက်အလက်ကို အောက်ပါ တတိယပုဂ္ဂိုလ်များဆိုင်ရာ အမျိုးအစားအရ ထုတ်ဖော်နိုင်သည် 

  • ကျွန်ုပ်တို့၏ အွန်လိုင်းနှင့် အီးမေးလ်ကြော်ငြာကန်ပိန်းများကို စီမံခန့်ခွဲရန်နှင့် မြှင့်တင်ရန်အတွက် ကျွန်ုပ်တို့၏ Siteများ၊ သို့မဟုတ် အခြားသော ဝက်ဘ်ဆိုဒ်များတွင် အသုံးပြုသော ကွတ်ကီးများ၊ ပစ်ဆယ်လ်တဂ်များ၊ ဝက်ဘ်ဘီအာကွန်များ (web beacons)၊ နောက်ကြောင်းပြန်လိုက်နိုင်သော clear GIFများ သို့မဟုတ် အခြားသော ဆင်တူညီသည့် နည်းပညာများကို ပေးအပ်နိုင်သည့် ကျွန်ုပ်တို့၏ အွန်လိုင်းနှင့် အီးမေးလ် ကြော်ငြာရှင်များ သို့မဟုတ် အခြားသော တတိယပုဂ္ဂိုလ်ဆိုင်ရာ ဝန်ဆောင်မှုရောင်းချသူများ

ဥပမာ ဝန်ဆောင်မှုရောင်းချသူ (ဥပမာ - Google ၊ Facebook)တို့သည် သင် Sitesသို့ လာရောက် လည်ပတ်စဥ်တွင် ၎င်းတို့၏ ကွတ်ကီးများကို မှတ်မိစေသည့် အချို့သော ဒစ်ဂျစ်တယ် ကြော်ငြာ ပစ်ဆယ်လ်များ သို့မဟုတ် အခြား ကိရိယာများကို ကျွန်ုပ်တို့အား ပေးအပ်နိုင်ပြီး၊ ယင်းမှတဆင့် ကျွန်ုပ်တို့၏ မည်သည့်အွန်လိုင်းကြော်ငြာများက သင့်အား Sitesသို့ ခေါ်ဆောင်လာကြောင်း၊ သို့မဟုတ် သင် Sitesမှ ထွက်ခွာပြီးနောက် သင့်အား မည်သည့် Coca‑Cola ထုတ်ကုန်ကြော်ငြာများ ပြသသင့် ကြောင်းကို လေ့လာနိုင်ရန်ဖြစ်သည်။ အဆိုပါ တတိယပုဂ္ဂိုလ်ရောင်းချသူများသည် အခြားသော ဒစ်ဂျစ်တယ်ကြော်ငြာကိရိယာများကို အသုံးပြုနိုင်ကာ သင်အသုံးပြုသော စက်ပစ္စည်းများနှင့် အွန်လိုင်း ဝန်ဆောင်မှုများမှတဆင့် သင့်ကို မှတ်မိစေရန် သင်၏ ကိုယ်ရေးအချက်အလက်များကိုပါ အသုံးပြု နိုင်သည်။

တတိယပုဂ္ဂိုလ်ဆိုင်ရာဆိုဒ်များ

Sitesသည် တတိယပုဂ္ဂိုလ်၏ ဝက်ဘ်ဆိုဒ်များ၊ မိုဘိုင်းလ် အက်ပလီကေးရှင်းများ၊ ငွေပေးချေမှု ပေါ်တယ်လ်များနှင့် အွန်လိုင်းဝန်ဆောင်မှုများ သို့မဟုတ် ပလက်ဖောင်းများနှင့် ချိတ်ဆက်ထားနိုင် သည်။ အဆိုပါလင့်ခ်များသည် သင့်အတွက် သက်သောင့်သက်သာဖြစ်လွယ်ကူစေရန် ပေးအပ်ထား ခြင်းဖြစ်သည်။ ကျွန်ုပ်တို့ထံတွင် အဆိုပါ တတိယပုဂ္ဂိုလ်များအပေါ် ထိန်းချူပ်နိုင်စွမ်း မရှိကာ တတိယပုဂ္ဂိုလ်၏ အကြောင်းအရာ၊ ရရှိနိုင်မှု သို့မဟုတ် လုံခြုံရေးတို့အပေါ် တာဝန်မရှိပါ။ တတိယပုဂ္ဂိုလ်သည် သင်၏ အချက်အလက်ကို အပြုအမူပိုင်းဆိုင်ရာ သို့မဟုတ် ကြော်ငြာဆိုင်ရာ ရည်ရွယ်ချက်အပါအဝင် ၎င်းတို့၏ ကိုယ်ပိုင်ရည်ရွယ်ချက်အရ အသုံးပြုနိုင်သည်။  သင်သည် Sitesတွင် ရရှိနိုင်သော တတိယပုဂ္ဂိုလ်လင့်ခ် မည်သည်မဆိုကို အသုံးပြုရန် ဆုံးဖြတ်ထားလျှင် သို့မဟုတ် သင်သည် အဆိုပါ တတိယပုဂ္ဂိုလ်၏ ဆိုဒ်များ၊ အက်ပ်များ သို့မဟုတ် ပလက်ဖောင်းများမှ တဆင့် ကိုယ်ရေးအချက်အလက်များ ပေးအပ်လျှင်  သင်သည် ယင်း၏ ပိုင်ရှင် သို့မဟုတ် လုပ်ငန်း လည်ပတ်သူ၏ ကိုယ်ရေးအချက်အလက်လုံခြုံမှုဆိုင်ရာမူဝါဒများနှင့် အသုံးပြုမှုဆိုင်ရာ စည်းမျဥ်းနှင့် သတ်မှတ်ချက်များကို သဘောတူညီခြင်းဖြစ်ပြီး ဤကိုယ်ရေးအချက်အလက်လုံခြုံမှုဆိုင်ရာမူဝါဒများ ကို သဘောတူညီခြင်းမဟုတ်ပါ။

သင်၏ ကိုယ်ရေးအချက်အလက်အား လွှဲပြောင်းပေးအပ်ခြင်း

ကျွန်ုပ်တို့သည် သင်၏ ကိုယ်ရေးအချက်အလက်ကို သင်နေထိုင်သော နိုင်ငံ၏ ပြင်ပတွင် တည်ရှိသော ဆာဗာများ သို့မဟုတ် အခြားနိုင်ငံများရှိ ဆက်စပ်အဖွဲ့အစည်းများ သို့မဟုတ် အခြားယုံကြည်ရသော တတိယပုဂ္ဂိုလ်များထံ ကျွန်ုပ်တို့၏ ကိုယ်စား ကိုယ်ရေးအချက်အလက်ဆိုင်ရာ ဆောင်ရွက်ရန် လွှဲပြောင်းပေးအပ်နိုင်သည်။ Siteတစ်ခုကို အသုံးပြုခြင်း သို့မဟုတ် ကျွန်ုပ်တို့ထံ ကိုယ်ရေးအချက် အလက် ပေးအပ်ခြင်းဖြင့် သင်သည် ဤကိုယ်ရေးအချက်အလက် လုံခြုံရေးမူဝါဒ၊ တည်ဆဲဒေတာ ကာကွယ်ရေးဥပဒေနှင့် သတ်မှတ်ချက်များနှင့် ကိုက်ညီစွာ ထိုသို့ဆောင်ရွက်ခြင်းအား သဘောတူညီပြီး ဖြစ်သည်။

နိုင်ငံများစွာသည် သင်နိုင်ငံသားဖြစ်သောနိုင်ငံတွင် ရရှိနိုင်သည့် တူညီသော ကိုယ်ရေးအချက်အလက် ဆိုင်ရာ ဥပဒေရေးရာ ကာကွယ်မှုကို ပေးအပ်နိုင်ရန် မတတ်စွမ်းသည်ကို သင်သတိပြုမိရန် လိုအပ်ပါသည်။ သင်၏ ကိုယ်ရေးအချက်အလက်သည် အခြားနိုင်ငံတွင်ရှိနေစဥ် ထိုနိုင်ငံ၏ ဥပဒေနှင့်အညီ တရားရုံး များ၊ တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံ၏လုံခြုံရေးအာဏာပိုင်များက ရယူခြင်း ရှိနိုင်သည်။ အဆိုပါ ဥပဒေအရ ထိတွေ့ရယူနိုင်ခွင့် တောင်းဆိုချက်များအရ၊ သင်နိုင်ငံသားဖြစ်သော နိုင်ငံပြင်ပတွင် သင်၏ ကိုယ်ရေးအချက်အလက်ကို လုပ်ငန်းဆောင်ရွက်သူ မည်သူမဆိုက ယင်းကို ကာကွယ်ပေးရန် စီမံချက်များ ဖန်တီးဆောင်ရွက်ရမည်ဖြစ်ကာ ယင်းသည် ကျွန်ုပ်တို့၏ ညွှန်ကြားမှုများ နှင့်အညီ ဆောင်ရွက်မှသာဖြစ်မည်။

လုံခြုံရေး

ကျွန်ုပ်တို့သည် သင်၏ ကိုယ်ရေးအချက်အလက် ပျောက်ဆုံးမှု၊ မှားယွင်းအသုံးပြုမှု၊ ခွင့်ပြုချက်မရှိဘဲ ရယူမှု၊ ထုတ်ဖော်မှု သို့မဟုတ် ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အန္တရာယ်ဖြစ်ပေါ်နိုင်ခြေတို့ကို လျော့ချရန် စနစ်ကျသော ရုပ်ပိုင်းဆိုင်ရာ၊ နည်းပညာပိုင်းဆိုင်ရာနှင့် စီမံအုပ်ချူပ်ရေးဆိုင်ရာ စီမံချက်များကို ဒီဇိုင်း ချသတ်မှတ်ထားသည်။ စိတ်မကောင်းစွာပင် ယင်းသည် ၁၀၀% လုံခြုံစိတ်ချရကြောင်း မည်သည့် စနစ် သို့မဟုတ် ကွန်ယက်မဆို အာမမခံနိုင်ပါ။ ကျွန်ုပ်တို့နှင့် တုံ့ပြန်ဆက်သွယ်မှုသည် လုံခြုံမှု မရှိတော့ဟု သင်ယုံကြည်ဖွယ် အကြောင်းပြချက်ရှိလျှင် (ဥပမာ ကျွန်ုပ်တို့နှင့်ထားရှိသော မည်သည့်အကောင့်မဆို ၏ လုံခြုံရေးသည် ပြင်လွယ်ပြောင်းလွယ်ဖြစ်နေသည်ဟု ခံစားရလျှင်)၊ ကျွန်ုပ်တို့ထံ “ကျွန်ုပ်တို့အား ဆက်သွယ်ခြင်း”ဟူသော အောက်ပါကဏ္ဍနှင့်အညီ ကျွန်ုပ်တို့အား ချက်ခြင်း အသိပေးအကြောင်း ကြားပါ (စာတိုက်အကြောင်းကြားစာဖြင့် ဆက်သွယ်ပေးပို့ခြင်းသည် ပြဿနာကို ကျွန်ုပ်တို့က တုန့်ပြန်ပေးရန် အချိန် နောက်ကျစေနိုင်ကြောင်း သတိပြုပါ)။

သင်၏ အခွင့်အရေးများ

ကျွန်ုပ်တို့ ကိုင်ဆောင်ထားသည့် သင့်အကြောင်း ကိုယ်ရေးအချက်အလက်နှင့် ဆက်စပ်သော အောက်ပါ အခွင့်အရေးများ သင့်တွင် ရှိပါသည်။

၁။ ရရှိနိုင်ခွင့်နှင့် မိတ္တူရယူနိုင်ခွင့် 
ဥပဒေအရ သို့မဟုတ် တရားရုံးအမိန့်အောက်တွင် သင်၏ တောင်းဆိုချက်ကို ငြင်းဆိုခွင့် ကျွန်ုပ်တို့ထံ တွင် ရှိချိန်မှလွဲ၍ သို့မဟုတ် အဆိုပါ တောင်းဆိုချက်သည် အခြားတစ်ဦးတစ်ယောက်၏ အခွင့်အရေး များနှင့် လွတ်လပ်ခွင့်များကို ဆိုးရွားစွာ ထိခိုက်မှုရှိချိန်မှလွဲ၍ ကျွန်ုပ်တို့ ကိုင်ဆောင်ထားသည့် သင့်အကြောင်း ကိုယ်ရေးအချက်အလက်ကို ရယူခွင့်နှင့် မိတ္တူရယူခွင့် တို့ သင့်တွင်ရှိသည်။ 

၂။ ပြုပြင်ခွင့်
သင့်ထံတွင် မှန်ကန်မှုမရှိသော သင်၏ ကိုယ်ရေးအချက်အလက်ကို ပြုပြင်ခွင့်ရှိပြီး မပြည့်စုံသော သင်၏ ကိုယ်ရေးအချက်အလက်ကို တိကျမှန်ကန်စေရန်၊ နေက်ဆုံးအချက်အလက်ဖြစ်စေရန်၊ ပြည့်စုံစေရန်နှင့် အမြင်လွဲမှားမှု မဖြစ်ပေါ်စေရန် ပြုလုပ်ခွင့်ရှိသည်။ 

၃။ ဖျက်သိမ်းခွင့်
သင်၏ တောင်းဆိုချက်ကို ငြင်းဆိုရန် ဥပဒေအရ အချို့သော အခြေအနေများရှိသည့်အချိန်မှလွဲ၍ သင်၏ ကိုယ်ရေးအချက်အလက်ကို ဖျက်သိမ်းရန်၊ ဖျက်ဆီးရန်၊ သို့မဟုတ် မည်သူမှန်းလျှို့ဝှက်ထားရန် တောင်းဆိုခွင့် သင့်တွင်ရှိသည်။ 

၄။ ကန့်သတ်ခွင့်
အချို့သောအခြေအနေများတွင် သင်၏ကိုယ်ရေးအချက်အလက်များကို ကန့်သတ်ရန် ကျွန်ုပ်တို့အား တောင်းဆိုပိုင်ခွင့်ရှိသည် - ဥပမာ - သင်၏ကိုယ်ရေးအချက်အလက်များကို ပြင်ဆင်ရန် သို့မဟုတ် စုဆောင်းခြင်း၊ အသုံးပြုခြင်း သို့မဟုတ် ထုတ်ဖော်ခြင်းအား ကန့်ကွက်ရန်ဟူသော သင်၏တောင်းဆိုမှု နှင့်အညီ စစ်ဆေးမှုလုပ်ငန်းစဉ်ကို ဆောင်ရွက်ဆဲကာလတွင် သို့မဟုတ် (မလိုအပ်တော့သော) သင်၏ကိုယ်ရေးအချက်အလက်များအား ဖျက်သိမ်းခြင်း သို့မဟုတ် ဖျက်ဆီးခြင်းအစား အသုံးပြုမှုကို တားမြစ်ရန် တောင်းဆိုသောအခါတွင်။ 

၅။ ကန့်ကွက်က်ပိုင်ခွင့် Right to object
ကျွန်ုပ်တို့သည် တရားဝင်အကျိုးစီးပွားအခြေခံ သို့မဟုတ်တိုက်ရိုက်စျေးကွက်မြှင့်တင်ခြင်း ရည်ရွယ်ချက်အတွက်၊ သို့မဟုတ် သိပ္ပံနည်းကျ၊ သမိုင်းဆိုင်ရာ သို့မဟုတ် ကိန်းဂဏန်းဆိုင်ရာ ရည်ရွယ်ချက်အတွက် လုပ်ငန်းဆောင်ရွက်ရာတွင် သင်၏ တောင်းဆိုချက်ကို ငြင်းဆိုရန် ဥပဒေအရ အချို့သော အခြေအနေများရှိသည့်အချိန်မှလွဲ၍ သင်၏ကိုယ်ရေးအချက်အလက်များကို စုဆောင်း ခြင်း၊ အသုံးပြုခြင်း သို့မဟုတ် ထုတ်ဖော်ခြင်းအား ကန့်ကွက်ရန်အခွင့်အရေးရှိသည်။ ဥပမာအားဖြင့် ကျွန်ုပ်တို့တွင် သင့်ကိုယ်ရေးအချက်အလက်များကို စုဆောင်းရန်၊ အသုံးပြုရန် သို့မဟုတ် ထုတ်ဖော်ရန် ခိုင်လုံသောတရားဝင်အခြေခံအချက်များရှိစဥ်  သို့မဟုတ် သင့်ကိုယ်ရေးအချက်အလက်များကို စုဆောင်းခြင်း၊ အသုံးပြုခြင်း သို့မဟုတ် ထုတ်ဖော်ခြင်းတို့ကို ကျွန်ုပ်တို့၏ အများပြည်သူအကျိုးစီးပွား အတွက် တည်ဆောက်ရာတွင်၊ လိုက်နာရာတွင် သို့မဟုတ် တရားဝင်တောင်းဆိုများကို ပြုလုပ်ရာတွင် ဖြစ်သည်။ 

 ၆။ ဒေတာပို့ဆောင်သယ်ယူမှု
ကျွန်ုပ်တို့က သင်၏ ကိုယ်ရေးအချက်အလက်ကို ဖတ်ရှုနိုင်သော သို့မဟုတ် ယေဘုယျ အသုံးများသည့် အလိုအလျောက် ကိရိယာ သို့ စက်ကိရိယာဖြင့် အသုံးပြုသော နည်းလမ်းများဖြင့် ပုံစံချသတ်မှတ်သော အခါ၊နှင့် ယင်းကို အလိုအလျောက်နည်းလမ်းများဖြင့် အသုံးပြုသောအခါ သို့မဟုတ် ထုတ်ဖော်သော အခါ သင့်အနေနှင့် သင်၏ ကိုယ်ရေးအချက်အလက်ကို ရယူခွင့်ရှိသည်။  ထို့အပြင် သင့်ထံတွင် သင်၏ ကိုယ်ရေးအချက်အလက်ကို တတိယပုဂ္ဂိုလ်ထံ ပေးပို့ရန် သို့မဟုတ် လွှဲပြောင်းပေးရန် ကျွန်ုပ်တို့ထံ တောင်းဆိုခွင့်ရှိပြီး တတိယပုဂ္ဂိုလ်ထံ ပေးပို့သော သင်၏ ကိုယ်ရေးအချက်အလက်ကို ရယူခွင့်ရှိကာ၊ ထိုသို့ဆောင်ရွက်ရန် နည်းပညာဆိုင်ရာ အခြေအနေများနှင့် ကြုံတွေ့နေရသည့်အချိန် သို့မဟုတ် သင်၏ တောင်းဆိုချက်ကို ပယ်ချရန် ကျွန်ုပ်တို့ထံတွင်ရှိသော တရားဝင်အခွင့်အရေးအား အသုံးပြုချိန်မှလွဲ၍ သင့်ထံတွင် အခွင့်ရှိသည်။

၇။ သဘောတူညီမှုကို ရုတ်သိမ်းခွင့်
သင့်အနေနှင့် ကျွန်ုပ်တို့ထံ ပေးအပ်ထားသော သဘောတူညီကို ကျွန်ုပ်တို့က သတ်မှတ်ပေးအပ်ထား သော နည်းလမ်းများနှင့် နည်းစနစ်များအရ မည်သည့်အချိန်တွင်မဆို ရုတ်သိမ်းခွင့်ရှိပြီး သဘောတူညီမှု ပုံစံ၏ သဘောသဘာဝက အဆိုပါ ရုတ်သိမ်းခွင့်ကို ခွင့်မပြုသောအခြေအနေမှလွဲ၍ အခွင့်ရှိသည်။

ထိန်းသိမ်းကာလ

ကျွန်ုပ်တို့သည် သင်၏ ကိုယ်ရေးအချက်အလက်ကို ဤ ကိုယ်ရေးအချက်အလက်လုံခြုံရေးမူဝါဒတွင် ဖော်ပြထားသည့် ရည်ရွယ်ချက်များအား ဖြည့်ဆည်းရန် လိုအပ်သော ကာလအထိ ထိန်းသိမ်းထားမည် ဖြစ်ပြီး အဆိုပါ ထိန်းသိမ်းကာလသည် တရားဝင်ဥပဒေအရ၊ စာရင်းစစ်မှု သို့မဟုတ် လိုက်နာဆောင် ရွက်ရန် ရည်ရွယ်ချက်များကြောင် ပိုမိုရှည်လျားသည့် ထိန်းသိမ်းကာလ လိုအပ်သော သို့မဟုတ် ခွင့်ပြုထားသောအချိန်မှလွဲ၍ ဖြစ်သည်။

ကလေးများ၏ ကိုယ်ရေးလုံခြုံရေး

ကျွန်ုပ်တို့သည် အကသက်၁၈နှစ်အောက် မည်သူတစ်ဦးတစ်ယောက်ထံမှ မည်သည့်အချက်အလက်ကို မဆို Siteပေါ်တွင် သိရှိပြီး စုဆောင်းခြင်း သို့မဟုတ် တောင်းဆိုခြင်း မပြုပါ၊​ သို့မဟုတ် အသက် 18 နှစ်အောက် အရွယ်မရောက်သေးသူများကို Sitesမှတဆင့် ကျွန်ုပ်တို့ထံ ၎င်းတို့၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ထုတ်ဖော်ခွင့်မပြုပါ။ Sitesကို မိဘများ၏ သဘောတူညီချက်မပါဘဲ ၎င်းတို့၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို မျှဝေခွင့်ရှိသူများ အတွက်သာ အဓိက ဦးတည်ထားပါသည်။ ကျွန်ုပ်တို့နိုင်ငံတွင် တရားဝင်အသက်မပြည့်သေးသော ကလေးတစ်ဦးထံမှ အချက်အလက်တစ်ခုခုရှိ နိုင်သည်ဟု သင်ယုံကြည်ပါက၊ "ကျွန်ုပ်တို့ကို ဆက်သွယ်ရန်" ကဏ္ဍတွင် အောက်ဖော်ပြပါ ညွှန်ကြားထားသည့်အတိုင်း ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ။

ကိုယ်ရေးအချက်အလက်များကို Coca‑Cola၏ ပြင်ပ၊ ၎င်း၏ဆက်စပ်အဖွဲ့အစည်းများ၊ နှင့် ဝန်ဆောင် မှုပေးသူများထံ မျှဝေရန်ဖြစ်ပေါ်လာလျှင် သက်ဆိုင်သော သို့မဟုတ် တည်ဆဲဖြစ်သော ဥပဒေအရ ၁၈နှစ်အောက် အသက်မပြည့်သေးသူများထံမှ အကောင့်ဖွင့်ချိန်တွင် ထပ်တိုးခွင့်ပြုချက် တောင်းခံနိုင်သည်။

အကယ်၍ သင်သည် အသက် ၁၈ နှစ်အောက်ဖြစ်ပြီး၊ Sitesတွင် စာရင်းသွင်းထားသော အသုံးပြုသူ ဖြစ်ပါက၊ "ကျွန်ုပ်တို့ကို ဆက်သွယ်ရန်" ကဏ္ဍတွင် အောက်ပါညွှန်ကြားချက်အတိုင်း ကျွန်ုပ်တို့ထံ ဆက်သွယ်ခြင်းကာ Siteပေါ်တွင် သင်တင်ထားသော အကြောင်းအရာ သို့မဟုတ် အချက်အလက်များ ကို ဖယ်ရှားရန် ကျွန်ုပ်တို့ထံ တောင်းဆိုနိုင်ပါသည်။ သင့်တောင်းဆိုချက်သည် အကြောင်းအရာ သို့မဟုတ် အချက်အလက်များကို ပြီးပြည့်စုံစွာ သို့မဟုတ် တိကျစွာ ဖယ်ရှားရန်အတွက် အပြီးသတ် ဆုံးဖြတ်ပေးသည်မဟုတ်ကြောင်း သတိပြုပါ။  ဥပမာ၊ Sites ၏ အခြားအသုံးပြုသူသည် သင်၏အများ ပြည်သူတွေ့မြင်နိုင်သော အကြောင်းအရာများကို Sites၏ တစ်နေရာ သို့မဟုတ် အခြားဝက်ဘ်ဆိုဒ် တွင် ပြန်လည်တင်ထားနိုင်သည်။

ဤကိုယ်ရေးအချက်အလက်လုံခြုံရေးမူဝါဒ၏ ပြင်ဆင်မွမ်းမံမှု

ကျွန်ုပ်တို့သည် ဤကိုယ်ရေးအချက်အလက်လုံခြုံရေးမူဝါဒကို အခါအားလျော်စွာ ပြင်ဆင်မွမ်းမံလုပ် နိုင်ပါသည်။ ဤကိုယ်ရေးကိုယ်တာမူဝါဒကို မည်သည့်အချိန်တွင် နောက်ဆုံးပြင်ဆင်ထားသည်ကို သိရှိနိုင်ရန် ဤစာမျက်နှာ၏ထိပ်ရှိ "နောက်ဆုံးမွမ်းမံပြင်ဆင်ထားသော"ဟူသည့် အပိုင်းကို ကိုးကားပါ။ ဤကိုယ်ရေးအချက်အလက်လုံခြုံရေးမူဝါဒအား မည်သည့်ပြန်လည်ပြင်ဆင်ထားမှုမဆိုသည် ကျွန်ုပ်တို့ ၏ Sitesပေါ်တွင် တင်သည့်အချိန်မှစ၍ ထိရောက်မှုရှိပါမည်။ ဤပြောင်းလဲမှုများနောက်ပိုင်း Sitesကို သင်အသုံးပြုခြင်းသည် သင့်အနေနှင့် ဤပြုပြင်မွမ်းမံထားသော  ကိုယ်ရေးမူဝါဒကို လက်ခံရာရောက် ပါသည်။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

သင်၏မေးခွန်းများ၊ မှတ်ချက်များ၊ တောင်းဆိုမှုများနှင့် ကိုယ်ရေးအချက်အလက်ဆိုင်ရာ စိုးရိမ်ပူပန်မှုများကို ကျွန်ုပ်တို့ကြိုဆိုပါသည်။ သင့်တွင် ဤကိုယ်ရေးအချက်အလက်ဆိုင်ရာ မူဝါဒ သို့မဟုတ် ကျွန်ုပ်တို့၏ဒေတာကျင့်ထုံးများနှင့်ပတ်သက်သည့် မေးခွန်းများရှိပါက၊ ကျွန်ုပ်တို့ထံမှ ဆက်သွယ်မှုများကို ဖယ်ရှားလိုပါက သို့မဟုတ် သင်၏ကိုယ်ရေးအချက်အလက်များကို ကျွန်ုပ်တို့ကိုင်တွယ်ခြင်းနှင့်စပ်လျဉ်း၍ တောင်းဆိုမှုများပြုလုပ်လိုပါက၊ ကျေးဇူးပြု၍ ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ- wsmoe@coca-cola.com၊ သို့မဟုတ် ကျွန်ုပ်တို့ ပေးအပ်ထားသော လင့်ခ် သို့မဟုတ် တတိယပုဂ္ဂိုလ်၏ တိုက်ရိုက် စျေးကွက်မြှင့်တင်ရေးအီးမေးလ် သို့မဟုတ် SMS စသည်တို့မှတဆင့် ကျွန်ုပ်တို့ထံမှ သို့မဟုတ် တတိယပုဂ္ဂိုလ်ထံမှ တိုက်ရိုက်စျေးကွက်မြှင့်တင်ရေးအချက်အလက်များ ရယူခြင်းစာရင်းမှ ပယ်ဖျက်နိုင်သည်။