ကျွန်ုပ်တို့နေထိုင်တဲ့ ကမ္ဘာ၊ လူသားနဲ့ လူနေမှုအဖွဲ့အစည်းအားလုံးဟာ လွန်စွာမှ အရေးကြီးပါတယ်။

ကျွန်ုပ်တို့ရဲ့ ရည်မှန်းချက်က ရေရှည်တည့်တံ့ပြီး ပိုမိုကောင်းမွန်လှပတဲ့ အနာဂတ်ကို ဖန်တီးမျှဝေနိုင်ဖို့ပဲဖြစ်ပါတယ်။ မှန်ကန်သည့်နည်းလမ်းဖြင့် စီးပွားရေးလုပ်ဆောင်ခြင်းဖြင့် လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ဘဝ ၊ လူ့အဖွဲ့အစည်းနဲ့ ကမ္ဘာကြီးကို ထူးခြားကောင်းမွန်စေဖို့ လုပ်ဆောင်ရန်ဖြစ်ပါသည်။
ပိုမိုကောင်းမွန်တဲ့ ကုမ္ပဏီတစ်ခုဖြစ်လာခြင်းအားဖြင့် ကျွန်ုပ်တို့အားလုံးအတွက် ရေရှည်တည့်တံ့ခိုင်မာတဲ့အနာဂတ်ကို ကူညီဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။
လူမှုရေး၊ သဘာဝပတ်ဝန်းကျင်နဲ့ စီးပွားရေး ထိန်းကျောင်းမှုတို့ကို အဓိကထားပြီး ရေရှည်တည်တံ့ခိုင်မြဲမှုဆီကို ရောက်ရှိနိုင်မယ့် ချဉ်းကပ်မှုလမ်းစဉ်တွေကို ကျွန်ုပ်တို့ဆောင်ရွက်လျက်ရှိပါတယ်။
ပြီးပြည့်စုံတဲ့ ချဉ်းကပ်မှုနည်းလမ်းစဉ်ကို အသုံးပြုမှသာ ပြုပြင်ပြောင်းလဲလွယ်ပြီး အဓွန့်ရှည်တည်တံ့မယ့် ပြောင်းလဲမှုကို ဆောင်ရွက်နိုင်မှာပါ။

ကျွန်ုပ်တို့ရဲ့ ရေရှည်တည်တံ့ခိုင်မြဲမှုမဟာဗျူဟာက ကျွန်ုပ်တို့ရဲ့ အမှတ်တံဆိပ်နောက်ကွယ်မှာရှိတဲ့ ထင်ရှားသောလူပုဂ္ဂိုလ်တွေဖြစ်တဲ့ လယ်သမားများနဲ့ ဝန်ထမ်းများအပြင် ပုလင်းထုပ်ပိုးမှုပုံစံ မိတ်ဖက်အဖွဲ့အစည်းများနဲ့ တင်သွင်းသူများ၊ ဖောက်သည်များနဲ့ စားသုံးသူများ၊ အားလုံးရဲ့ နေထိုင်ရာအိမ်လေးသဖွယ်ဖြစ်တဲ့ လူနေမှုအသိုင်းအဝိုင်းများအား ပံ့ပိုးကူညီပေးဖို့ လမ်းညွှန်ပေးရုံသာမက ကျွန်ုပ်တို့ရဲ့ ပတ်ဝန်းကျင်ကို ကာကွယ်ဖို့ပန်းတိုင်ကို ရောက်ရှိအောင် အထောက်အကူပြုပေးလျက်ရှိပါတယ်။

အိန္ဒိယနိုင်ငံ စပျစ်ခြံတွင် သီးနှံရိတ်သိမ်းရန်ပြင်ဆင်နေသည့်အမျိုးသားတဦး

ကျွန်ုပ်တို့ အဓိကထားတဲ့ ရေရှည်တည်တံ့ခိုင်မြဲမှု နယ်ပယ်များ

နောက်ဆုံးရ ရေရှည်တည်တံ့မှုသတင်းများ

Coca‑Cola စနစ်နှင့် Coca‑Cola ဖောင်ဒေးရှင်းသည် Kentucky ပြည်နယ်တွင် လက်ရှိဖြစ်ပေါ်နေသော ရေဘေးကယ်ဆယ်ရေး ကြိုးပမ်းမှုများကို ပံ့ပိုးကူညီရန် လှုပ်ရှားလုပ်ဆောင်နေပါတယ်။

Coca-Cola စနစ်နှင့် Coca-Cola ဖောင်ဒေးရှင်းတို့မှ ကန်တက်ကီပြည်နယ်ရှိ ရေဘေးကယ်ဆယ်ရေးလုပ်ဆောင်ချက်များကိုထောက်ပံ့ရန် သွားရောက်နေပုံ

မြောက်အမေရိကရှိ DASANI နှင့် Sprite ၏ အဆင့်မြင့်ရေရှည်တည်တံ့သောထုပ်ပိုးမှုဆိုင်ရာ အထောက်အထားများ

DASANI နှင့် Sprite တို့၏ မြောက်အမေရိကရှိ ရေရှည်တည်တံ့သည့်ထုပ်ပိုးမှုကို မြှင့်တင်ထားပုံများ

ကျွန်ုပ်တို့၏ ကမ္ဘာလုံးဆိုင်ရာ ESG ပန်းတိုင်များ၊ အစပြုလုပ်ဆောင်ချက်များနှင့် တိုးတက်မှုအခြေအနေ

၂၀၂၁ ခုနှစ် သဘာ၀ပတ်ဝန်းကျင်၊ လူမှုရေးနှင့် လုပ်ငန်းစုအုပ်ချုပ်ရေး အစီရင်ခံစာ

ကျွန်ုပ်တို့ရဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်များနဲ့ ထုတ်ကုန်များကို လူအများချစ်ခင်နှစ်သက်မှုရှိအောင် ဖန်တီးထုတ်လုပ်ထားပြီး ကျွန်ုပ်တို့ရဲ့လုပ်ငန်းနဲ့ ကမ္ဘာ မြေအတွက် ပိုမိုရေရှည်တည်တံ့သောအနာဂတ်ကို တည်ဆောက်လျက်ရှိပါတယ်။ ကမ္ဘာတစ်ခွင် လန်းဆန်းစေပြီး ပြောင်းလဲမှုကို ယူဆောင်လာပေးမယ်ဆိုတဲ့ ကျွန်ုပ်တို့ရဲ့ ရည်မှန်းချက်ပန်းတိုင်အပေါ် သစ္စာရှိရှိနဲ့ ဒီအရာအားလုံးကို ဆောင်ရွက်နေပါတယ်။

ပြုံးနေသည့်အမျိုးသမီးနှစ်ဦးပုံ ၊ Coca-Cola ဗူးများတိုက်နေသည့်ပုံ နှင့် ပြင်ပနေရာတွင်ထားရှိသည့် နေစွမ်းအင်သုံးလျှပ်စစ်ပြားများကို အပေါ်စီးမှမြင်ရသည့်ပုံ တို့ပါဝင်သည့် ဘေးချင်းရပ်စီထားသည့် ရုပ်ပုံ ၃ ပုံ

ရေရှည်တည်တံ့မှုအရင်းအမြစ်စင်တာ

ယခုသတင်းရင်းမြစ်များတွင် လူသားတွေရဲ့ဘဝ၊ အသိုင်းအဝိုင်းနဲ့ ကျွန်ုပ်တို့ကမ္ဘာဂြိုဟ်ကို ပြောင်းလဲမှုယူဆောင်ပေးမယ့် ပိုမိုရေရှည်တည်တံ့သော စီးပွားရေးလုပ်ငန်းနဲ့ ပိုမိုကောင်းမွန်သော လုံးစုံမျှဝေသည့်အနာဂတ်ကို ဖန်တီးရန် ကျွန်ုပ်တို့ရဲ့ ကြိုးပမ်းအားထုတ်မှုများအပေါ် ခြုံငုံသုံးသပ်ချက်ကို တွေ့ရှိနိုင်ပါတယ်။

နေ့ခင်းအချိန်တွင်ရိုက်ကူးထားသည့် စိုက်ပျိုးရေးလယ်ကွင်းထဲမှ သစ်ပင်တပင်