Coca‑Cola ၏ ဝန်ဆောင်မှုဆိုင်ရာ စည်းကမ်းချက်များ

အကျိုးသက်ရောက်သည့် ရက်စွဲ - ၁၆/၀၂/၂၀၂၃

ကိုကာကိုလာ၏ ဝန်ဆောင်မှုဆိုင်ရာ စည်းကမ်းချက်များ (“စည်းကမ်းချက်များ”) မှ ကြိုဆိုပါသည်။

COCA-COLA ကုမ္ပဏီနှင့် ၎င်း၏လုပ်ဖော်ကိုင်ဖက်များ (အားလုံးကို ပေါင်းစည်းကာ ကိုကာကိုလာ (သို့မဟုတ်) ကျွန်ုပ်တို့ဟု သုံးနှုန်းပါမည်) နှင့် သင်တို့ကြားတွင် ဤစည်းကမ်းချက်များသည် တရားဝင်သဘောတူညီချက် တစ်ခုဖြစ်လာသောကြောင့် ကျေးဇူးပြု၍ ဂရုတစိုက်ကြည့်ရှုပါ။

ဤစည်းကမ်းချက်များသည် ကိုကာကိုလာ နှင့် သင်တို့ကြားရှိ အငြင်းပွားမှုများ ဖြေရှင်းပုံအပေါ် သက်ရောက်မှု ရှိပါသည်။

ဤစည်းကမ်းချက်များတွင် မည်သည်တို့ ပါဝင်ပါသနည်း။

ဤစည်းကမ်းချက်များကို အောက်ပါအတိုင်း အပိုဒ်ခွဲထားပါသည်။  

၁။ မိတ်ဆက်

၂။ ဤစည်းကမ်းချက်များကို မည်သည့်အချိန်တွင် ကျင့်သုံးပါသနည်း။

၃။ ဤစည်းကမ်းချက်များကို မည်သည့်နေရာတွင် ကျင့်သုံးပါသနည်း။

၄။ ကိုကာကိုလာသည် ဝန်ဆောင်မှုများကို ပြောင်းလဲပါမည်လား။

၅။ ကိုကာကိုလာက အဆိုပါ စည်းကမ်းချက်များကို ပြောင်းလဲပါမည်လား။

၆။ အကောင့်ဖွင့်ရန်လိုအပ်ပါသလား။

၇။ ကိုကာကိုလာသည် ဝန်ဆောင်မှုများအတွက် အခကြေးငွေ ယူပါသလား။

၈။ ဝန်ဆောင်မှုများကို မည်သူက ပိုင်ဆိုင်ပါသနည်း။

၉။ ဝန်ဆောင်မှုများနှင့် စပ်လျဉ်းသည့် ခွင့်ပြုပေးထားသည့် အသုံးပြုမှုများမှာ အဘယ်နည်း။

၁၀။ အက်(ပ်)များအသုံးပြုခြင်းအတွက် သီးခြားအကျုံးဝင်သည့် စည်းကမ်းချက်များရှိပါသလား။

၁၁။ မည်သည့်အချိန်တွင် အဆိုပါစည်းကမ်းချက်များ သက်ရောက်မှုရှိပါမည်နည်း။ မည်သည့်အချိန်တွင် ကုန်ဆုံးပါမည်နည်း။

၁၁။ မည်သည့်အချိန်တွင် အဆိုပါစည်းကမ်းချက်များ သက်ရောက်မှုရှိပါမည်နည်း။ မည်သည့်အချိန်တွင် ကုန်ဆုံးပါမည်နည်း။

၁၃။ အဆိုပါ စည်းကမ်းချက်များအရ ကိုကာကိုလာ၏ တာဝန်ယူမှုကို မည်သို့ ကန့်သတ်ထားပါသနည်း။

၁၄။ ကိုကာကိုလာသည် စားသုံးသူများနှင့် မည်သို့ ဆက်သွယ်ချိတ်ဆက်ပါမည်နည်း။

၁၅။ ကိုကာကိုလာသို့ မည်သို့ ဆက်သွယ်ရမည်နည်း။

၁၆။ အထွေထွေ

၁၇။ အငြင်းပွားမှုဖြေရှင်းခြင်း

J၁၈။ တရားစီရင်ပိုင်ခွင့်အလိုက် သတ်မှတ်ချက်များ

၁။ မိတ်ဆက်

ဤစည်းကမ်းချက်များသည် ကိုကာကိုလာ၏ဝက်ဘ်ဆိုဒ်များ၊ မိုဘိုင်းအပလီကေးရှင်းများ (အက်ပ်များ)၊ ဝစ်ဂျက်များနှင့် ကိုကာကိုလာ ကလုပ်ဆောင်နေသော အခြားအွန်လိုင်းနှင့် အော့ဖ်လိုင်းဝန်ဆောင်မှုများ (ယင်းတို့အားလုံးကို စုပေါင်းကာ ဝန်ဆောင်မှုများဟု ခေါ်ဆိုပါမည်။) ဝင်ရောက်အသုံးပြုခြင်းအတွက် သက်ဆိုင်သည့် စည်းကမ်းချက်များနှင့် သတ်မှတ်ချက်အခြေအနေများကို ဖော်ပြထားပါသည်။ ဝန်ဆောင်မှုပေးသူသည် ကိုကာကိုလာ ကုမ္ပဏီ၊ One Coca Cola Plaza၊ Atlanta၊ Georgia 30313 ဖြစ်သည်။

ဤစည်းကမ်းချက်များသည် သင့်အနေဖြင့် စာရင်းသွင်းအသုံးပြုသူဖြစ်စေ (သို့မဟုတ်) ရှာဖွေကြည့်ရှုသည် ဖြစ်စေ အကျုံးဝင်ပါသည်။

ဤစည်းကမ်းချက်များအပေါ် သင်၏လိုက်နာမှုနှင့် လက်ခံမှုတို့ကို စပ်လျဉ်းပြီး ဝန်ဆောင်မှုများ အသုံးပြုမှုနှင့် ဝန်ဆောင်မှုများလက်လှမ်းမီမှုကို သတ်မှတ်ပေးထားပါသည်။ ဤစည်းကမ်းချက်များကို သင့်အနေဖြင့် သဘောမတူပါက ဝန်ဆောင်မှုများကို အသုံးမပြုပါနှင့်။

ကိုကာကိုလာ အနေဖြင့် အသုံးပြုသူများထံမှ (သို့မဟုတ်) အသုံးပြုသူများအကြောင်း ကျွန်ုပ်တို့ ကောက်ယူထားသည့် ကိုယ်ရေးကိုယ်တာအချက်အလက်များကို မည်သို့ကိုင်တွယ်သည်ကို လေ့လာနိုင်ရန် အလို့ငှာ ကိုကာကိုလာ စားသုံးသူကိုယ်ရေးကိုယ်တာမူဝါဒ (သို့မဟုတ် ရရှိနိုင်သော အခြားကိုယ်ရေး ကိုယ်တာမူဝါဒ (သို့မဟုတ်) သတိပေးချက်) ကို ကျေးဇူးပြု၍  ပြန်လည်သုံးသပ်ပါ။

၂။ ဤစည်းကမ်းချက်များကို မည်သည့်အချိန်တွင် ကျင့်သုံးပါသနည်း။

အသုံးပြုသူအသစ်များအတွက် ဤစည်းကမ်းချက်များသည် အထက်ဖော်ပြပါ အကျိုးသက်ရောက်သည့် နေ့ရက်မှစပြီး အကျုံးဝင်ပါသည်။ အထက်ဖော်ပြပါ အကျိုးသက်ရောက်သည့်နေ့မတိုင်မီ ဝန်ဆောင်မှု အသုံးပြုနေသူများအတွက် ယခင်စည်းမျဉ်းစည်းကမ်းများသည် အကျိုးသက်ရောက်သည့်နေ့စွဲပြီး နောက် (၁၀)ရက်အထိ အကျုံးဝင်ပါသည်။

သင့်အနေဖြင့် အကောင့်တစ်ခု ပြုလုပ်သည့်အခါ၊ ဝန်ဆောင်မှုများ အသုံးပြုသည့်အခါ (သို့မဟုတ်) စည်းကမ်းချက်များကို သင်သဘောတူသည့်အခါတိုင်းတွင် သင်သည် ကိုကာကိုလာကို ကိုယ်စားပြုပြီး၊ ဝန်ဆောင်မှုများကို အသုံးပြုရန်နှင့် အဆိုပါ စည်းမျဉ်းများကို လိုက်နာရန် သဘောတူသည့် အရည်အချင်း ပြည့်မီသူဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို အသုံးပြုရန်အတွက် သင်သည် သင့်နေထိုင်ရာအရပ်၌ အနည်းဆုံး ဥပဒေအရ အရွယ်ရောက်သူအဖြစ် တရားဝင်သတ်မှတ်သည့် အသက်ဖြစ်ရမည် ဖြစ်ပြီး ထိုသို့မဟုတ်လျှင် ကိုကာကိုလာ နှင့် စည်းနှောင်ထားသည့် စာချုပ်တစ်ခု တရားဝင်ချုပ်ဆိုနိုင်ရမည်။

သင်သည် သင့်နေထိုင်ရာအရပ်၌ ဥပဒေအရ အရွယ်ရောက်သူအဖြစ် တရားဝင်သတ်မှတ်ထားသည့် အသက်မပြည့်သေးလျှင် (သို့မဟုတ်) ကိုကာကိုလာ နှင့် စည်းနှောင်ထားသည့် စာချုပ်တစ်ခု တရားဝင်ချုပ်ဆိုနိုင်ခြင်းမရှိသေးလျှင် သင့်အနေဖြင့် ဝန်ဆောင်မှုများအသုံးမပြုမီ သင့်မိဘ (သို့မဟုတ်)  တရားဝင်အုပ်ထိန်းသူက ဤစည်းကမ်းချက်များကို သဘောတူရပါမည်။ ဝန်ဆောင်မှုများကို သင်စတင်အသုံးမပြုမီ ဤစည်းကမ်းချက်များကို သင့်အား ရှင်းပြရန် သင့်မိဘ (သို့မဟုတ်) အုပ်ထိန်းသူကို မေးမြန်းပါ။

မိဘများနှင့် တရားဝင် အုပ်ထိန်းသူများ - သင်သည် အရွယ်မရောက်သေးသူတစ်ဦးကိုယ်စား ဤစည်းကမး်ချက်များကိုလက်ခံပါက သင်သည် ကလေး၏မိဘ (သို့မဟုတ်) တရားဝင်အုပ်ထိန်းသူဖြစ်ကြောင်း ကိုကာကိုလာ ထံသို့ ကိုယ်စားပြုတင်ပြခြင်းဖြစ်ပါသည်။ သင့်ကလေးကိုယ်စား ဤစည်းကမ်းချက်များကို လက်ခံပြီး ကိုကာကိုလာ စားသုံးသူကိုယ်ရေးကိုယ်တာမူဝါဒ (သို့မဟုတ် အခြားကိုယ်ရေးကိုယ်တာမူဝါဒ (သို့မဟုတ်) သတိပေးချက်) ကို သင့်ကလေးကိုယ်စား သဘောတူအတည်ပြုပါ။ သင့်ကလေးက ဝန်ဆောင်မှုများအသုံးပြုခြင်းအတွက် တာဝန်ရှိမှုအားလုံးကို လက်ခံပြီး ဤစည်းကမ်းချက်များကို လိုက်နာပါ။

သင်သည် ဝန်ဆောင်မှုများကို အသုံးပြုရန် အရည်အချင်းမပြည့်မီပါက (သို့မဟုတ်) ဤစည်းကမ်းချက်များကို သဘောမတူပါက၊ သင်သည် ဝန်ဆောင်မှုများကို အသုံးပြုရန် အခွင့်အာဏာ မရှိပါ။

၃။ ဤစည်းကမ်းချက်များကို မည်သည့်နေရာတွင် ကျင့်သုံးပါသနည်း။

ဤစည်းကမ်းချက်များသည် ဝန်ဆောင်မှုများ (သို့မဟုတ်) ဤစည်းကမ်းချက်များနှင့် ချိတ်ဆက်ထားသည့် (သို့မဟုတ်) တွဲဆက်ထားသည့် ဝန်ဆောင်မှုများနှင့် သက်ဆိုင်ပါသည်။

ဝန်ထမ်းများ၊ အလုပ်လျှောက်ထားသူများနှင့် ကိုကာကိုလာ၏ လုပ်ငန်းဖောက်သည်များနှင့် မိတ်ဖက်များနှင့် ကိုကာကိုလာ၏ ကော်ပိုရိတ်ဝက်ဘ်စာမျက်နှာများပါ အစိတ်အပိုင်းများနှင့် စပ်လျဉ်းသည့် အွန်လိုင်းဝန်ဆောင်မှုများအတွက် ကွဲပြားခြားနားသော စည်းကမ်းချက်များနှင့် အခြေအနေသတ်မှတ်ချက်အမျိုးမျိုးကို ကျင့်သုံးပါသည်။

အက်ပ်များ (သို့မဟုတ်) ပရိုမိုးရှင်းများ၊ အရောင်းစည်းမျဉ်းများ (သို့မဟုတ်) စာတိုပေးပို့ခြင်း ဝန်ဆောင်မှုများ အသုံးပြုခြင်း ("ဖြည့်စွက်စည်းမျဉ်းများ") ကဲ့သို့သော ဝန်ဆောင်မှုများ၏ အချို့သောအင်္ဂါရပ်များတွင် ဖြည့်စွက်စည်းကမ်းချက်များသည် အကျုံးဝင်နိုင်ပါသည်။ အဆိုပါဖြည့်စွက်စည်းကမ်းချက်များအားလုံးကို ဤစည်းကမ်းချက်များ၏ တစ်စိတ်တစ်ပိုင်းအဖြစ် (ဤအကိုးအကားဖြင့်)  ထည့်သွင်းထားသည်။ သင့်ထံတင်ပြသည့်အခါ၊ အဆိုပါစည်းကမ်းချက်များနှင့် အကျုံးဝင်သည့် ဝန်ဆောင်မှုများကိုအသုံးမပြုမီ သင့်အနေဖြင့် ဖြည့်စွက်စည်းကမ်းချက်များကို သဘောတူရပါမည်။ ဖြည့်စွက်စည်းကမ်းချက်များ၏ တစ်စိတ်တစ်ပိုင်းသည် ဤစည်းကမ်းချက်များနှင့် အမြဲတမ်း မကိုက်ညီခြင်း မရှိသည့်အခါ ဤစည်းကမ်းချက်များနှင့် ဖြည့်စွက်စည်းကမ်းချက်များသည် တူညီစွာအကျုံးဝင်ပါသည်။ အဆိုပါဖြစ်ရပ်တွင် ဖြည့်စွက်စည်းကမ်းချက်သည် မကို်က်ညီမှု အတိုင်း အတာပေါ်သာတွင်သာ ထိန်းချုပ်မည်ဖြစ်ပါသည်။

စာတို (မက်ဆေ့ချ်)ပေးပို့ခြင်းဝန်ဆောင်မှုများ

ဝန်ဆောင်မှုအချို့သည် စာတိုပေးပို့ခြင်း (SMS သို့မဟုတ် MMS) ဝန်ဆောင်မှုများ ပေးပါသည်။ ကျွန်ုပ်တို့ထံမှ စာသားမက်ဆေ့ဂျ်များကို လက်ခံရယူရန် သင်ရွေးချယ်ပြီးသည်နှင့် သင့်ထံ ကျွန်ုပ်တို့ပေးပို့သော မက်ဆေ့ချ်များ၏ အကြိမ်အရေအတွက်သည် ကျွန်ုပ်တို့နှင့် သင့်ကြားရှိ ပေးချေဆောင်ရွက်မှုအပေါ် မူတည်ပါသည်။ ဝန်ဆောင်မှုများနှင့် ဆက်စပ်နေသည့် သီးခြားမိုဘိုင်း ကုဒ်သို့ STOP ဟူသော စကားလုံးကို ပေးပို့ခြင်းဖြင့် သင်သည် စာတိုပေးပို့ခြင်းဝန်ဆောင်မှုများမှ နှုတ်ထွက်နိုင်ပါသည်။ မက်ဆေ့ဂျ်နှင့် ဒေတာနှုန်းထားများ အကျုံးဝင်ပါသည်။ ကျသင့်ငွေအားလုံးကို သင့်ကြိုးမဲ့ဝန်ဆောင်မှုပေးသူထံသို့ ပေးဆောင်နိုင်ပါသည်။ စျေးနှုန်းအစီအစဉ်များနှင့် အသေးစိတ်အချက်အလက်များအတွက် သင့်ကြိုးမဲ့ဝန်ဆောင်မှုပေးသူထံသို့  ဆက်သွယ်ပါ။ စာသားမက်ဆေ့ချ်ဝန်ဆောင်မှုများကို “လက်ရှိအခြေအနေ” ပေါ်မူတည်ကာ ပံ့ပိုးပေးထားပြီး နေရာတိုင်း၊အချိန်တိုင်းမရနိုင်ပါ။

မက်ဆေ့ချ်များကို လက်ခံရယူရန် သဘောတူညီခြင်းအားဖြင့် COCA-COLA သည် သင့်ထံ မက်ဆေ့ချ်ပေးပို့ရန် အလိုအလျောက် ဖုန်းခေါ်ဆိုသည့်စနစ် အသုံးပြုကြောင်း သင့်အနေဖြင့် နားလည်သဘောပေါက်ပြီး သဘောတူညီခြင်းဖြစ်ကာ မက်ဆေ့ချ်များကို လက်ခံမည့် သင့်သဘောတူညီချက်သည် ထုတ်ကုန်များ (သို့မဟုတ်) ဝန်ဆောင်မှုများ ဝယ်ယူခြင်းအတွက် လိုအပ်ချက်တစ်ခု မဟုတ်ပါ။ 

၄။ ကိုကာကိုလာသည် ဝန်ဆောင်မှုများကို ပြောင်းလဲပါမည်လား။

ကိုကာကိုလာသည် ဝန်ဆောင်မှုများကို ပိုမိုကောင်းမွန်လာစေရန် အမြဲလုပ်ဆောင်နေပါသည်။ ကိုကာကိုလာသည် ဝန်ဆောင်မှုများကို ပိုမိုအဆင့်မြှင့်ပေးသည့် အင်္ဂါရပ်သစ်များနှင့် လုပ်ဆောင်ချက် အသစ်များကို မိတ်ဆက်ပေးနိုင်ပြီး ယခင်က ဝန်ဆောင်မှုများ (“အင်္ဂါရပ်အသစ်များ”) ၏ အစိတ်အပိုင်း မဟုတ်ပေ။ ကိုကာကိုလာသည် သုံးစွဲသူက (“နောက်ဆုံးရအခြေအနေများ”) တွေ့ကြုံ ရပါက ဝန်ဆောင်မှုများနှင့် စပ်လျဉ်းသည့် နောက်ဆုံးရအခြေအနေများ၊ အမှားပြင်ဆင်ချက်များနှင့် အခြားအပြောင်းအလဲများကို အချိန်နှင့်အမျှ တင်ပြပေးကာ လုပ်ဆောင်ချက်ကို မြှင့်တင်ပါသည်။အင်္ဂါရပ်အသစ်များထည့်ရန် (သို့မဟုတ်) မထည့်ရန် (သို့မဟုတ်) နောက်ဆုံးရ အခြေအနေများ တင်ပြရန် (သို့မဟုတ်) မပြုလုပ်ရန် အခွင့်အရေးသည် ကိုကာကိုလာ ၏ လက်ဝယ်တွင် ရှိပါသည်။ အင်္ဂါရပ်အသစ်များတွင် အခကြေးငွေများပါဝင်ပါက ကိုကာကိုလာ အနေဖြင့် သင့်အား အင်္ဂါရပ်အသစ်များကို အသုံးပြုရန်ရှိမရှိနှင့် ပတ်သက်၍ ရွေးချယ်ခိုင်းမည်ဖြစ်ပါသည်။ ကိုကာကိုလာ က နောက်ဆုံးရအခြေအနေများကို ဖော်ပြပါမည်ဆိုပါက သင့်အား အသိပေးခြင်း (သို့မဟုတ်) အသိပေးခြင်းမရှိပဲ နောက်ဆုံးရအခြေအနေများကို တင်ပြ အကောင် အထည် ဖော်ရန်အလို့ငှာ ကိုကာကိုလာ အား လုပ်ပိုင်ခွင့်အာဏာပေးရန် သင့်အနေဖြင့် သဘောတူညီပါသည်။

ကိုကာကိုလာသည် ယေဘုယျအားဖြင့် အများပြည်သူထံသို့ မရောက်ရှိမီ သင်စမ်းသုံးကြည့်ရန် အတွက်သာ အင်္ဂါရပ်အသစ်ကို သင့်တစ်ဦးတည်းထံသို့ ပေးပို့နိုင်ပါသည်။ အင်္ဂါရပ်အသစ်များကို အခြားသူများ ဝင်ရောက်မကြည့်ရှုနိုင်မီ သင် စမ်းသပ်အသုံးပြုနိုင်ရန် ပြုလုပ်ပေးလျှင် အဆိုပါ အင်္ဂါရပ်သစ်များကို "စမ်းသပ်ဝန်ဆောင်မှုများ" အဖြစ် ကျွန်ုပ်တို့က ရည်ညွှန်းပါသည်။သင်စမ်းသုံးရန် ရရှိနိုင်သောအခါ၊ ကျွန်ုပ်တို့သည် အင်္ဂါရပ်သစ်များကို "စမ်းသပ်ဝန်ဆောင်မှုများ" အဖြစ် ရည်ညွှန်းပါသည်။ စမ်းသပ်ဝန်ဆောင်မှုများကို ဝင်ရောက်ကြည့်ရှုခွင့်ကို ထည့်သွင်းစဉ်းစားရာတွင် ကိုကာကိုလာ မှ ကျိုးကြောင်းဆီလျော်စွာ တောင်းဆိုထားသည့်အတိုင်း စမ်းသပ်ဝန်ဆောင်မှုများအကြောင်း အကြံပြုချက်ပေးရန် သင်က သဘောတူရပါမည်။ စမ်းသပ်ဝန်ဆောင်မှုများကို ဝန်ဆောင်မှုများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် သတ်မှတ်သည့် အချိန်အထိ၊ စမ်းသပ်ဝန်ဆောင်မှုများကို ဝန်ဆောင်မှုများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် မဆုံးဖြတ်မီ အချိန်အထိ ကိုကာကိုလာသည် စမ်းသပ်ဝန်ဆောင်မှုများကို အသိပေးချက်မရှိဘဲ ပြင်ဆင်ပိုင်ခွင့်ရှိသည်။

သင့်အပေါ် ကျွန်ုပ်တို့၏တာဝန်ဝတ္တရားနှင့်ပတ်သက်ပြီး ဤစညး်ကမ်းချက်များ၏ အခြားအပိုဒ်များ ရှိငြားလည်း စမ်းသပ်ဝန်ဆောင်မှုများကို မည်သည့်အာမခံမျှ မပါပဲ၊ "လက်ရှိအခြေအနေအတွက်" ပေးထားခြင်းဖြစ်ပြီး ကိုကာကိုလာ နှင့်သက်ဆိုင်သူများ (အပိုဒ် ၁၃ တွင် ဖွင့်ဆိုထားသည့်အတိုင်း) ထံတွင် သင်၏ အဆိုပါ စမ်းသပ်ဝန်ဆောင်မှုရွေးချယ်အသုံးပြုခြင်းမှ ရရှိလာသည့် အကျိုးဆက် တစ်စုံတစ်ရာအတွက် တာဝန်မရှိပါ။

စမ်းသပ်ဝန်ဆောင်မှုများ နှင့် စပ်လျဉ်း၍ တာဝန်ဝတ္တရား ကင်းလွတ်ခွင့်ကို ဥပဒေအရ အာဏာမတည် နိုင်လျှင် အဆိုပါ စမ်းသပ်ဝန်ဆောင်မှုနှင့် စပ်လျဉ်းသည့် ကိုကာကိုလာနှင့်သက်ဆိုင်သူများ၏ တစ်ခုတည်းသော တာဝန်ဝတ္တရား မှာ သင်၏တိုက်ရိုက်ထိခိုက်နစ်နာမှုများမှသည် အဆိုပါ ဝန်ဆောင်မှုအတွက် သင်ပေးချေထားသည့် ပမာဏသာလျှင်ဖြစ်ပါသည်။

အပိုဒ် (၄) ပါ မည်သည့်အရာကမှ ဝန်ဆောင်မှုများ၏ အချို့သောအစိတ်အပိုင်းများထံသို့ ကိုကာကိုလာ၏ ဝင်ရောက်ခွင့်ကို မကန့်သတ်နိုင်ပါ (သို့မဟုတ်) ဝန်ဆောင်မှုများရပ်ဆိုင်းခြင်း (သို့မဟုတ်) ဝန်ဆောင်မှုများမှ တစ်ဆင့် ပေးသည့် အရာများကို သင့်အား အသိပေးခြင်းမရှိပဲ (သို့မဟုတ်) တာဝန်ယူမှုမရှိဘဲ အချိန်မရွေး ရပ်ဆိုင်းခြင်းအား မကန့်သတ်နိုင်ပါ။ ဝန်ဆောင်မှုများ အချိန်တိုင်းတွင် အပြည့်အဝလည်ပတ်ကြောင်း သေချာစေရန် ကျွန်ုပ်တို့အနေဖြင့် အကောင်းဆုံးလုပ်ဆောင်နေသော်လည်း သင့်အနေဖြင့် အကြောင်းတစ်စုံတစ်ရာကြောင့် ဝန်ဆောင်မှုများ မရရှိပါကလည်း ကိုကာကိုလာထံတွင် တာဝန်မရှိပါ။

၅။ ကိုကာကိုလာက အဆိုပါ စည်းကမ်းချက်များကို ပြောင်းလဲပါမည်လား။ 

ဤစည်းကမ်းချက်များ အကျုံးဝင် သက်ရောက်မည့်ရက်စွဲကို ဤဝက်ဘ်စာမျက်နှာ၏ထိပ်တွင် ဖော်ပြထား ပါသည်။

ကိုကာကိုလာသည် နောက်ဆုံးရအခြေအနေများ (သို့မဟုတ်) အင်္ဂါရပ်အသစ်များ (သို့မဟုတ်) တည်ဆဲ ဥပဒေဆိုင်ရာ အပြောင်းအလဲများကို ထင်ဟပ်နိုင်ရန် ဤစည်းကမ်းချက်များကို ပြင်ဆင်ရန် လိုအပ်ပါသည်။ အကယ်၍ ကိုကာကိုလာ သည် တရားဝင်အခွင့်အရေးများကို လျှော့ချရန် ဤစည်းကမ်းချက်များကို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ပါက၊ ကျွန်ုပ်တို့သည် ဝန်ဆောင်မှုများတွင် အသိပေးချက်များကို တင်ပြပေးသွားမည်ဖြစ်ကာ သုံးစွဲသူများထံသို့ ၎င်းတို့၏အကောင့်တွင် ဖော်ပြထားသည့် အီးမေးလ်လိပ်စာများမှ တဆင့် အနည်းဆုံး ရက်ပေါင်း (၃၀) ကြိုတင် အကြောင်းကြားပါမည်။ မွမ်းမံပြင်ဆင်ထားသည့်အတိုင်း စည်းကမး်ချက်များကို သင်သဘောမတူပါက၊ အသိပေးချက်ကာလမကုန်ဆုံးမီ သင့်အကောင့်ကို ပယ်ဖျက်ပြီး ဝန်ဆောင်မှုများ အသုံးပြုခြင်းကို ရပ်တန့်ရပါမည်။ အကြောင်းကြားချက်ပါ အသိပေးချက်ကာလ ကုန်ဆုံးပြီးနောက် ဝန်ဆောင်မှုများကို ဆက်လက်အသုံးပြုခြင်းသည် စည်းကမ်းချက်များကို ပြုပြင်ထားသည့် အတိုင်း လက်ခံသည်ဟု မှတ်ယူပါသည်။

ကျွန်ုပ်တို့သည် ထိုသို့လုပ်ဆောင်ရန် (သို့မဟုတ်) ဝန်ဆောင်မှုများ နှင့် စပ်လျဉ်းပြီး အခြားအသုံးပြုသူများ ၏အခွင့်အရေးများကို ကာကွယ်ရန် တရားဝင်လိုအပ်ခြင်း မရှိပါက အသိပေးချက်တစ်စုံတစ်ရာမရှိဘဲ သင်၏ တရားဝင်အခွင့်အရေးများကို ရုပ်ပိုင်းဆိုင်ရာအရဖြစ်စေ၊ နောက်ကြောင်းပြန်အကျိုးသက်ရောက်စေ၍ဖြစ်စေ အပြောင်းအလဲများ ပြုလုပ်မည်မဟုတ်ပါ။

ပြုပြင်ပြောင်းလဲထားသော စည်းကမ်းချက်များသည် ကျွန်ုပ်တို့၏ သဘောတူညီချက်များ၊ သတိပေးချက်များ (သို့မဟုတ်) ဤစည်းကမ်းချက်များအကြောင်း သို့မဟုတ် ဤစည်းကမ်းချက်များနှင့်ပတ်သက်သည့် ယခင်ဖော်ပြချက်များအားလုံးကို အစားထိုးထားပါသည်။ 

၆။ အကောင့်ဖွင့်ရန်လိုအပ်ပါသလား။

ကိုကာကိုလာ၏ အများသူငှာအတွက် ဖွင့်လှစ်ထားသည့် ဝဘ်ဆိုက်များကို ရှာဖွေရန် အကောင့်တစ်ခု ဖန်တီးရန် မလိုအပ်သော်လည်း၊ ကမ်းလှမ်းချက်များနှင့် အခြားပရိုမိုးရှင်းများကို ရယူရန် (သို့မဟုတ်) "အဖွဲ့ဝင်သာ" ဟူသည့် ဝန်ဆောင်မှု၏အစိတ်အပိုင်းများကို အသုံးပြုနိုင်ရန်အလို့ငှာ ဝန်ဆောင်မှုများ၏ အားသာချက်ကို အပြည့်အဝရယူနိုင်ရန် အကောင့်တစ်ခု လိုအပ်နိုင်ပါသည်။

အကောင့်တစ်ခုဖန်တီးရန်၊ အနည်းဆုံး သင့်အီးမေးလ်လိပ်စာကို ပေးရပါမည်။ သင့်အနေဖြင့် ကိုကာကိုလာ နှင့် တရားဝင် စည်းနှောင်ထားသော သဘောတူညီချက်တွင် ပါဝင်နိုင်ခြင်းရှိမရှိကို အတည်ပြုနိုင်ရန် သင့်မွေးသက္ကရာဇ်နှင့် နေထိုင်ရာနေရာကို ပေးအပ်ရန်လည်း လိုအပ်ပါသည်။ (သို့မဟုတ်) ဤစည်းမျဉ်းများအတွက် သင့်ကိုယ်စား သင့်မိဘ (သို့မဟုတ်) တရားဝင် အုပ်ထိန်းသူ၏ သဘော တူညီချက်ကို လိုအပ်ပါသည်။

ကိုကာကိုလာသည် အကောင့်ဖန်တီးမှုလုပ်ငန်းစဉ်၏တစ်စိတ်တစ်ပိုင်းအဖြစ် သင်မျှဝေရန်ရွေးချယ်ထားသော သင့်အမည်၊ တယ်လီဖုန်းနံပါတ်၊ ဦးစားပေးများ၊ ထင်မြင်ချက်များနှင့် သင်နှင့်သက်ဆိုင်သည့် အခြားအသေးစိတ်အချက်အလက်များကဲ့သို့သော ဖြည့်စွက် အချက်အလက်များကို သင့်ထံမှ တောင်းဆိုနိုင်ပါ သည်။ သင်အကောင့်တစ်ခုဖန်တီးသည့်အခါ သင့်ထံမှရရှိသည့် ကိုယ်ရေးကိုယ်တာအချက်အလက်များကို ကျွန်ုပ်တို့ မည်သို့လုပ်ဆောင်ကြောင်းကို ပိုမိုလေ့လာနိုင်ရန်၊ ကျေးဇူးပြု၍ ကိုကာကိုလာ၏ စားသုံးသူ ကိုယ်ရေးကိုယ်တာမူဝါဒ (သို့မဟုတ် သင့်အကောင့်ကိုဖန်တီးသည့်အခါ သင်သဘောတူထားသည့် အခြားကိုယ်ရေးကိုယ်တာမူဝါဒ သို့မဟုတ် သတိပေးချက်တစ်ခုခု)ကို ကြည့်ပါ။

ကိုကာကိုလာ၏ တာဝန်ယူမှုရှိသော စျေးကွက်ရှာဖွေရေးမူဝါဒတွင် ကိုးကားထားသည့်အတိုင်း၊ ကျွန်ုပ်တို့သည် အသက် (၁၃) နှစ်အောက်ကလေးများ (သို့မဟုတ် သင့်နိုင်ငံအတွင်းရှိ ဥပဒေများအရ လိုအပ်သည့် အနည်းဆုံးအသက်အရွယ်ရှိသူများ) ကို တိုက်ရိုက်စျေးကွက်ရှာဖွေမှုမပြုပါ။ ထို့ကြောင့်၊ ဝန်ဆောင်မှုများသည် အသက် (၁၃) နှစ်အောက် ကလေးများ (သို့မဟုတ် သင့်နိုင်ငံအတွင်းရှိ ဥပဒေများအရ လိုအပ်သည့် အနည်းဆုံးအသက်အရွယ်ရှိသူများ) အသုံးပြုရန်အတွက် ဦးတည်ခြင်းမပြုပါ (သို့မဟုတ်) မရည်ရွယ်ပါ။

သင်ကိုယ်တိုင်မှလွဲ၍ အခြားမည်သူ့အတွက်မျှ အကောင့်တစ်ခုဖန်တီးမည်မဟုတ်ကြောင်း၊ အခြားသူတစ်ဦးအဖြစ် အယောင်ဆောင်ရန် ရည်ရွယ်ချက်ဖြင့် အကောင့်တစ်ခုဖန်တီးမည် မဟုတ်ကြောင်း (သို့မဟုတ်) ကိုကာကိုလာ၏ အရည်အချင်းပြည့်မီမှု စိစစ်ခြင်းလုပ်ငန်းစဉ်များ၏ အစိတ်အပိုင်းတစ်ခုခုကို မမှန်မကန် ပြုလုပ်မည် မဟုတ်ကြောင်း သင့်အနေဖြင့် သဘောတူညီပါသည်။ ဤစည်းကမ်းချက်များကို ချိုးဖောက်ကြောင်း တွေ့ရှိပါက (သို့မဟုတ်) သံသယရှိပါက ကိုကာကိုလာသည် မှတ်ပုံတင်ခြင်းကို ငြင်းပယ်ပိုင်ခွင့် (သို့မဟုတ်) အကောင့်တစ်ခု ကို အချိန်မရွေး ပယ်ဖျက်ပိုင်ခွင့် (သို့မဟုတ်) ဆိုင်းငံ့ထားပိုင်ခွင့်ရှိသည်။ ယခင်က သင်သည် ဝန်ဆောင်မှုများ အသုံးပြုခြင်းမှ ဆိုင်းငံ့ခံရခြင်း (သို့မဟုတ်) ရပ်စဲခြင်းခံရခြင်းရှိလျှင် အကောင့် ဖန်တီး၍မရပါ။

ကိုကာကိုလာသို့ သင်တင်ပြလာသည့် မည်သည့်အချက်အလက်မဆို မှန်ကန်၊ တိကျပြီး ပြည့်စုံကြောင်း သင့်အနေဖြင့်ကတိပြုပြီး ထိုအတိုင်း ဆက်လက်လုပ်ဆောင်သွားမည့်အကြောင်းကိုလည်း သင့်အနေဖြင့် သဘောတူညီပါသည်။

အကောင့်တစ်ခုဖန်တီးရာတွင် စကားဝှက်ကို ရွေးချယ်ခိုင်းပါက၊ သင့်စကားဝှက်သည် သင့်အတွက် ကိုယ်ရေးကိုယ်တာဖြစ်သည်။ သင့်စကားဝှက်၊ အခြားလုံခြုံရေးဆိုင်ရာအချက်အလက်များ (သို့မဟုတ်) ဝန်ဆောင်မှုများသို့ ဝင်ရောက်ခွင့်ကို အခြားသူတစ်ဦးဦးထံသို့ သင့်အနေဖြင့် ပေးမည်မဟုတ်ကြောင်း သင်သဘောတူပါသည်။ သင့်အကောင့်ကို အများသူငှာ သို့မဟုတ် အခြားသူများလည်းအသုံးပြုသည့် ကွန်ပျူတာမှ ဝင်ရောက်သည့်အခါ (သို့မဟုတ်) သင့်စက်ပစ္စည်းကို အခြားသူများလည်း အသုံးပြုသည့်အခါ အခြားသူများအနေဖြင့် သင့်စကားဝှက် (သို့မဟုတ်) အခြားသော ကိုယ်ရေးကိုယ်တာ အချက်အလက်များကို မမြင်နိုင် (သို့မဟုတ်) မှတ်တမ်း မတင်နိုင်စေရန် အထူးသတိထားပေးပါ။ သင့်စကားဝှက်ကို အသုံးပြု၍ ဖြစ်ပေါ်လာသည့် လုပ်ဆောင်ချက်အားလုံးအတွက် သင့်တွင် တာဝန်ရှိပါသည်။

ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်အသုံးပြုခြင်း၊ သင့်စကားဝှက်၊ အကောင့် (သို့မဟုတ်) အခြားလုံခြုံရေး ချိုးဖောက်မှုများကို တွေ့ရှိလျှင် (သို့မဟုတ်) သံသယရှိလျှင် https://www.coca-colacompany.com/contact-us သို့ ချက်ချင်းဆက်သွယ်အကြောင်းကြားရန် သင်က သဘောတူညီပါသည်။

၇။ ကိုကာကိုလာသည် ဝန်ဆောင်မှုများအတွက် အခကြေးငွေ ယူပါသလား။ 

ဝန်ဆောင်မှုများသည် ယေဘုယျအားဖြင့် အခမဲ့ဖြစ်သည်။ ဝန်ဆောင်မှုများအနက်မှ  အချို့အတွက်  ငွေပေးချေမှု လိုအပ်ပါက၊ သင့်အနေဖြင့် အဆိုပါ အခပေးဝန်ဆောင်မှုများ အသုံးပြု၊မပြုကို သင့်အား ကိုကာကိုလာက ရွေးချယ်စေမည်ဖြစ်ပါသည်။

အချို့သောဝန်ဆောင်မှုများက သင့်အား ကိုကာကိုလာ ၏ထုတ်ကုန်များကို ဝယ်ယူခွင့်ပြုပေးပါသည်။ ဝယ်ယူသည့်အချိန်၌ သင့်အား တင်ပြရောင်းချသည့် သီးခြားရောင်းချမှုစည်းကမ်းချက်များဖြင့် ဝယ်ယူမှုများကို ကြီးကြပ်ပါမည် - ၎င်းတို့ကို ဂရုတစိုက်ဖတ်ရှုပါ။

ဝန်ဆောင်မှုများကို ဝင်ရောက်အသုံးပြုရန် လိုအပ်သော စက်ပစ္စည်းများနှင့် အင်တာနက်ချိတ်ဆက်မှု (သို့မဟုတ်) မိုဘိုင်းဖုန်းဝန်ဆောင်မှုအပါအဝင် ဝန်ဆောင်မှုများအသုံးပြုမှုနှင့် စပ်လျဉ်းသည့် ကုန်ကျစရိတ်များ၊ အခကြေး ငွေများနှင့် အခြားကုန်ကျစရိတ်များအတွက် သင့်တွင်သာ လုံးလုံးလျားလျား တာဝန်ရှိပါသည်။ ဝန်ဆောင်မှုများကို သင့်မိုဘိုင်းစက်ပစ္စည်းပေါ်မှ ဝင်ရောက်အသုံးပြုလျှင် သင့်မိုဘိုင်းဝန်ဆောင်မှုပေးသူမှ တောင်းဆိုသည့်  အခကြေး ငွေ အားလုံး အတွက် သင် တစ်ဦးတည်းတွင်သာ တာဝန်ရှိကြောင်း သင့်အနေဖြင့် သဘောတူညီပါသည်။

၈။ ဝန်ဆောင်မှုများကို မည်သူက ပိုင်ဆိုင်ပါသနည်း။

ကိုကာကိုလာ နှင့် သင့် အကြားတွင်၊ ကိုကာကိုလာနှင့် ၎င်း၏ တတိယအဖွဲ့ လိုင်စင်ချပေးသူများက  ဝန်ဆောင်မှုများမှတစ်ဆင့် ရရှိနိုင်သော အကြောင်းအရာအားလုံး၊ ဒီဇိုင်း၊ ရွေးချယ်မှုနှင့် စီစဉ်မှုများ နှင့် ဉာဏပစ္စည်းမူပိုင်ခွင့်အားလုံး (ဝန်ဆောင်မှုဆိုင်ရာ ပါဝင်သည့်အကြောင်းအရာ) အပါအဝင် ဝန်ဆောင်မှုနှင့် စပ်လျဉ်းသည့် ရပိုင်ခွင့်အားလုံး၊ လုပ်ပိုင်ခွင့်နှင့် အကျိုးစီးပွားအားလုံးအတွက် တစ်ဦးတည်းသော၊ သီးသန့်ပိုင်ရှင်များအဖြစ် ဆက်လက်တည်ရှိနေမည်ဖြစ်ပါသည်။ ဆိုလိုသည်မှာ၊ ကိုကာကိုလာသည် ဝန်ဆောင်မှုများကို ပိုင်ဆိုင်ပြီး ဝန်ဆောင်မှုဆိုင်ရာပါဝင်သည့် အကြောင်း အရာ များအတွက် လိုင်စင်ရှိထားပြီး သင့်အနေဖြင့် အောက်ဖော်ပြပါ အသုံးပြုသူဆိုင်ရာ ပါဝင်အကြောင်း အရာအားလုံးကို ပိုင်ဆိုင်ပါသည်။

ဝန်ဆောင်မှုဆိုင်ရာပါဝင်သည့် အကြောင်းအရာများတွင် ကိုကာကိုလာအမည်နှင့် ဆက်စပ်အမည်များ၊ လိုဂိုများ၊ ထုတ်ကုန်နှင့် ဝန်ဆောင်မှုအမည်များ၊ ဒီဇိုင်းများနှင့် ကြွေးကြော်သံများ (ကိုကာကိုလာ အမှတ်အသားများ) ပါဝင်ပါသည်။ ကိုကာကိုလာ၏ ကြိုတင်ရေးသားထားသည့်ခွင့်ပြုချက်မရှိဘဲ ကိုကာကိုလာ အမှတ်အသားများကို အသုံးမပြုရပါ။ အခြားအမည်များ၊ လိုဂိုများ၊ ထုတ်ကုန်နှင့် ဝန်ဆောင်မှုအမည်များအားလုံး၊ ဝန်ဆောင်မှုများတွင် ပါရှိသည့် တတိယအဖွဲ့အစည်းများ၏  ဒီဇိုင်းများနှင့် ကြွေးကြော်သံများအားလုံးသည် သက်ဆိုင်ရာပိုင်ရှင်များ၏ ကုန် အမှတ်တံဆိပ်များဖြစ်သည်။

ဤစည်းကမ်းချက်များတွင် အတိအလင်းဖော်ပြထားသည့်အတိုင်း ဝန်ဆောင်မှုဆိုင်ရာပါဝင်သည့် အကြောင်း အရာများနှင့်စပ်လျဉ်း၍ သင့်တွင် ရပိုင်ခွင့်၊ လိုင်စင် (သို့မဟုတ်) လုပ်ပိုင်ခွင့် မရှိပါ။ ဝန်ဆောင်မှုများကို နိုင်ငံတကာ မူပိုင်ခွင့်၊ ကုန်အမှတ်တံဆိပ်၊ တီထွင်ဖန်တီးမှုမူပိုင်ခွင့် (patent)၊ ကုန်သွယ်မှုလျှို့ဝှက်ချက်နှင့် အခြားဉာဏပစ္စည်းဆိုင်ရာ မူပိုင်ခွင့် (သို့မဟုတ်) ပိုင်ဆိုင်မှုဆိုင်ရာ  ရပိုင်ခွင့်ဆိုင်ရာ ဥပဒေများဖြင့် အကာအကွယ်ပေးထားပါသည်။ ထပ်မံ ရှင်းပြရလျှင်  သင်သည် အောက်ပါတို့ကို မလုပ်ပါဟု သဘောတူညီပါသည် (မည်သည့် တတိယအဖွဲ့ကိုမျှ အောက်ပါတို့ ပြုလုပ်ရန် ခွင့်ပြုမပေးရပါ။)။

• ဝန်ဆောင်မှုများတွင်ပါရှိသော မူပိုင်ခွင့်၊ ကုန်အမှတ်တံဆိပ် (သို့မဟုတ်) အခြားသော ပိုင်ဆိုင်မှုဆိုင်ရာ  ရပိုင်ခွင့် သတိပေးချက်ကို ဖယ်ရှားခြင်း။

• ကိုကာကိုလာ၏ ကြိုတင်ရေးသားထားသော ခွင့်ပြုချက်မရှိဘဲ ဝန်ဆောင်မှုများ၏ အစိတ်အပိုင်းများပါဝင်သည့် သင်၏ကိုယ်ပိုင် ဒေတာဘေ့စ်တစ်ခု တည်ဆောက်ခြင်း နှင့်/သို့ ဖော်ပြခြင်း။

•ဤစည်းကမ်းချက်များတွင် အတိအလင်း ခွင့်ပြုထားသည်မှ အပ ဝန်ဆောင်မှုဆိုင်ရာပါဝင်သည့် အကြောင်းအရာပါ တစ်စိတ်တစ်ပိုင်းကို ပြန်လည်ထုတ်ဝေခြင်း၊ ဖြန့်ဝေခြင်း၊ ပြုပြင်ခြင်း၊ ဆင့်ပွါး ကူးယူ ဖန်တီးခြင်း၊ လူသိရှင်ကြားပြသခြင်း၊ လူသိရှင်ကြားလုပ်ဆောင်ခြင်း၊ ပြန်လည်ထုတ်ဝေခြင်း၊ ဒေါင်းလုတ်ပြုလုပ်ခြင်း၊ သိမ်းဆည်းခြင်း (သို့မဟုတ်) ပေးပို့ခြင်း။

• ဝန်ဆောင်မှုများ၏ အစိတ်အပိုင်းတစ်ခုခုကို ဝင်ရောက်ရန်၊ ရယူရန်၊ ဖယ်ထုတ်ရန် (သို့မဟုတ်) အညွှန်းပြုလုပ်ရန် robot ၊ spider ၊ ရှာဖွေမှု/ပြန်လည်ရယူသည့် အက်ပ် (သို့မဟုတ်) အခြား အလိုအလျောက် စက်ကိရိယာ၊ လုပ်ငန်းစဉ် (သို့မဟုတ်) နည်းလမ်းကို အသုံးပြုခြင်း။

 

• ထိုသို့မဟုတ်ပါက ကိုကာကိုလာ (သို့မဟုတ်) ၎င်း၏ တတိယအဖွဲ့အစည်း လိုင်စင်ချပေးသူများ၏  ပိုင်ဆိုင်မှုဆိုင်ရာ  ရပိုင်ခွင့်များနှင့် ဝန်ဆောင်မှုဆိုင်ရာပါဝင်သည့် အကြောင်းအရာများအပေါ် အချိန်မရွေး ချိုးဖောက်ခြင်း သို့မဟုတ် ကျူးကျော်ခြင်း။

သင်သည် သင်၏အသုံးပြုသူဆိုင်ရာ အကြောင်းအရာများကို ပိုင်ဆိုင်သော်လည်း ၎င်းကို အသုံးပြုရန် ကိုကာကိုလာအား ပေးပါသည်။

ဝန်ဆောင်မှုများတွင် ဖိုရမ်များနှင့် အခြားအပြန်အလှန် ဆက်သွယ်ပြောဆိုနိုင်သည့်  အင်္ဂါရပ်များ ပါဝင်နိုင်ပြီး သင်နှင့် အခြားအသုံးပြုသူများအနေဖြင့် အကြောင်းအရာများ (သို့မဟုတ်) အချက်အလက်များ ကြေညာရန်၊ တင်ပြရန်၊ ထုတ်ဝေရန်၊ ပြသရန် (သို့မဟုတ်) ပေးပို့ရန် (တစ်စုတစ်စည်းတည်းဖြင့် အသုံးပြုသူဆိုင်ရာ အကြောင်းအရာများ)  ခွင့်ပြုပေးပါသည်။ သင်၏အသုံးပြုသူဆိုင်ရာ အကြောင်းအရာများတင်ပြမှုနှင့် အကျုံးဝင်သည့် စည်းကမ်းချက်များနှင့် သတ်မှတ်ချက်များက ဖော်ပြခြင်းမရှိလျှင် သင်ဖန်တီးထားသော အသုံးပြုသူဆိုင်ရာ ပါဝင်အကြောင်းအရာများကို သင်ပိုင်ဆိုင်ပါသည်။

၎င်း၏တရားဝင်မှု၊ ယုံကြည်စိတ်ချရမှု၊ တိကျမှုနှင့် သင့်လျော်မှုတို့အပါအဝင် သင်၏ အသုံးပြုသူဆိုင်ရာ အကြောင်းအရာများအတွက် သင့်တွင် တာဝန်ရှိကြောင်း သင်က နားလည်သဘောပေါက်ပြီး အသိအမှတ်ပြု ပါသည်။

ဝန်ဆောင်မှုများ (သို့မဟုတ်) ကိုကာကိုလာ ၏ လူမှုမီဒီယာစာမျက်နှာများမှတစ်ဆင့် အသုံးပြုသူ ဆိုင်ရာ အကြောင်းအရာများကို သင့်အနေဖြင့် တင်ပြခဲ့လျှင် သင်သည် (ကျွန်ုပ်တို့၏ဝန်ဆောင်မှုများကို လည်ပတ်ရာတွင် ကူညီပေးသည့် ကျွန်ုပ်တို့၏ supplier များနှင့်   ကျွန်ုပ်တို့နှင့် သက်ဆိုင်ရာဆက်ခံသူနှင့် တာဝန်ခံသူ တစ်ဦးတစ်ယောက်စီ အပါအဝင်) ကိုကာကိုလာအား ကန့်သတ်မဲ့၊ ထာဝရ၊ ကမ္ဘာနှင့်အဝှမ်း၊ သီးသန့်မဟုတ်သော၊ မူပိုင်ခ ကင်းလွတ်သည့်၊ အခကြေးငွေအပြည့်ပေးရသည့် ရပိုင်ခွင့်နှင့် လိုင်စင် (အလွှာမျိုးစုံမှတစ်ဆင့် လိုင်စင်ခွဲ ပြုလုပ်ပိုင်ခွင့်) ကို ပေးအပ်ကာ မည်သည့်ရည်ရွယ်ချက်အတွက်မဆို၊ ယခုလူသိများသည့် (သို့မဟုတ်) အနာဂတ်တွင် ပေါ်လာမည့် မည်သည့်မီဒီယာတွင်မဆို  ဥပဒေအရ ခွင့်ပြုထားသည့်အတိုင်းအတာအထိ (အသုံးပြုသူဆိုင်ရာအကြောင်းအရာလိုင်စင်) သင်၏ အသုံးပြုသူ ဆိုင်ရာ အကြောင်းအရာများကို တစ်ခုလုံးဖြစ်စေ (သို့မဟုတ်) တစ်စိတ်တစ်ပိုင်းဖြစ်စေ အသုံးပြု၊ လက်ခံ၊ သိမ်းဆည်း၊ ပြန်လည်ထုတ်လုပ်၊ ပြင်ဆင်၊ လူသိရှင်ကြားပြသ၊ လုပ်ဆောင်၊ ဘာသာပြန်ဆို၊ ဖြန့်ဝေနှင့် တတိယအဖွဲ့အစည်းများအား ပြသ ခွင့်ရှိမည်ဖြစ်ပါသည်။

 

ဤစည်းကမ်းချက်များတွင် ကိုကာကိုလာအား သင်ပေးအပ်ထားသော အသုံးပြုသူဆိုင်ရာ အကြောင်းအရာ လိုင်စင်သည် ကိုယ်ကျင့်တရားဆိုင်ရာ ရပိုင်ခွင့်များ (moral rights) များကို လွှဲပြောင်းပေးခြင်းမရှိပါ။ သင့်အနေဖြင့် ကိုကာကိုလာအား အသုံးပြုသူဆိုင်ရာ အကြောင်း အရာလိုင်စင် မပေးလိုပါက၊ အသုံးပြုသူနှင့် သက်ဆိုင်သည့် အကြောင်းအရာကို မတင်ပြပါနှင့်။

အသုံးပြုသူဆိုင်ရာအကြောင်းအရာကို သင်ပံ့ပိုးပေးသောအခါ၊ သင်သည် ကိုကာကိုလာ အား ကိုယ်စားပြုပြီး အောက်ပါအတိုင်း အာမခံချက်ပေးပါသည်။

• သင်သည် သင်၏အသုံးပြုသူဆိုင်ရာအကြောင်းအရာနှင့် စပ်လျဉ်းသည့် ရပိုင်ခွင့်အားလုံးကို ပိုင်ဆိုင် (သို့မဟုတ်) ထိန်းချုပ်နိုင်ပြီး ဖော်ပြပါစည်းကမ်းချက်များတွင် ကိုကာကိုလာအား သင်က ရပိုင်ခွင့်နှင့် လိုင်စင်ပေး အပ်ပိုင်ခွင့်ရှိသည်။

• သင်၏အသုံးပြုသူဆိုင်ရာအကြောင်းအရာသည် ကိုယ်ရေးကိုယ်တာဆိုင်ရာ ရပိုင်ခွင့်နှင့် လူသိရှင်ကြား အသိပေးချပြခွင့်နှင့် ဉာဏပစ္စည်းဆိုင်ရာ ရပိုင်ခွင့်များကဲ့သို့သော အခြားသူတစ်ဦးဦး (သို့မဟုတ်) အဖွဲ့အစည်း တစ်ခု၏အခွင့်အရေးများကို မချိုးဖောက်ရပါ။

• သင်၏ အသုံးပြုသူဆိုင်ရာအကြောင်းအရာသည် မှန်ကန်၊တိကျပါသည်။

• သင်၏ အသုံးပြုသူဆိုင်ရာအကြောင်းအရာအားလုံးသည် ဤစည်းကမ်းချက်များနှင့် တည်ဆဲဥပဒေများ၊ နည်းဥပဒေများနှင့် စည်းမျဉ်းများအားလုံးကို လိုက်နာပါသည်။

သင်၏ အသုံးပြုသူဆိုင်ရာအကြောင်းအရာသည် အောက်ပါစည်းမျဉ်းများအားလုံးကို လိုက်နာရပါမည်-

• အသုံးပြုသူဆိုင်ရာအကြောင်းအရာတွင် အသရေဖျက်သော၊ ညစ်ညမ်းသော၊ မဆီလျော်သော၊ ရိုင်းစိုင်းသော၊ စော်ကားသော၊ နှောင့်ယှက်သော၊ အကြမ်းဖက်သော၊ မုန်းတီးသော၊ လှုံ့ဆော်သော (သို့မဟုတ်) ကန့်ကွက်နိုင်သော မည်သည့်အရာမှ မပါဝင်ရပါ။

• အသုံးပြုသူဆိုင်ရာအကြောင်းအရာသည် လူမျိုး၊ ဘာသာ၊ နိုင်ငံသား၊ မသန်စွမ်းမှု၊ ကျား/မဖြစ်ခြင်း၊ လိင်စိတ်တိမ်းညွတ်မှု၊ ကျား၊ မ အထောက်အထား (သို့မဟုတ်) အသက်အရွယ်တို့အပေါ် အခြေခံ၍ လိင်ပိုင်းဆိုင်ရာ အသေးစိတ်ဖော်ပြထားသော (သို့မဟုတ်) အပြာ အကြောင်းအရာ၊ အကြမ်းဖက်မှု (သို့မဟုတ်) ခွဲခြားဆက်ဆံခြင်းကို  အားမပေးရပါ။

• အသုံးပြုသူဆိုင်ရာအကြောင်းအရာသည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ မလှည့်ဖြားရ (သို့မဟုတ်) လှည့်ဖြားရန် မရည်ရွယ်ရပါ။

• အသုံးပြုသူဆိုင်ရာအကြောင်းအရာသည် မည်သည့်တရားမဝင်လှုပ်ရှားမှုကိုမဆို အားပေး မြှင့်တင် ခြင်း (သို့မဟုတ်) ထောက်ခံအားပေးခြင်း၊ မြှင့်တင်ခြင်း (သို့မဟုတ်) ကူညီခြင်းမပြုရပါ။

• အသုံးပြုသူဆိုင်ရာအကြောင်းအရာသည် သင်က မည်သူမည်ဝါဖြစ်သည်ဟူသည့် ဖော်ပြချက် (သို့မဟုတ်) သင်နှင့် မည်သည့်ပုဂ္ဂိုလ် (သို့မဟုတ်) အဖွဲ့အစည်း၏ ပတ်သက်ဆက်နွယ်မှုကိုမျှ လွဲမှားစွာဖော်ပြခြင်းမပြုရ (သို့မဟုတ်) ထိုသို့မဟုတ်လျှင် သင်၏အသုံးပြုသူဆိုင်ရာ အကြောင်းအရာကို ကိုကာကိုလာ (သို့မဟုတ်) အခြားသူတစ်ဦးဦး (သို့မဟုတ်) အဖွဲ့အစည်းတစ်ခုခုက ထောက်ခံသည်ဟု ထင်မြင်ယူဆခြင်းမဖြစ်စေရ။

အသုံးပြုသူဆိုင်ရာအကြောင်းအရာသည် ဤစည်းကမ်းချက်များကို ချိုးဖောက်သည်ဟု သင်ယုံကြည်ပါက၊ ကျေးဇူးပြု၍ သတ်မှတ်ထားသော အသုံးပြုသူဆို်င်ရာအကြောင်းအရာနှင့် ဝန်ဆောင်မှုများထဲရှိ ၎င်း၏တည်နေရာဖော်ပြချက်နှင့် ကိုကာကိုလာ၏ လူမှုမီဒီယာဆိုင်ရာ ဖော်ပြချက်များဖြင့် ကျွန်ုပ်တို့ထံသို့ https://www.coca-colacompany.com/contact-usmailto:info@myunidays.com အကြောင်းကြားပါ။ သင်၏အသုံးပြုသူဆိုင်ရာအကြောင်းအရာမှ ပေါ်ပေါက်လာသော (သို့) ဆက်စပ်၍ ထွက်ပေါ်လာသော  အကြောင်းခြင်းရာအပေါ်မူတည်ကာ တတိယအဖွဲ့အစည်းတစ်ခုက ကိုကာကိုလာအပေါ် တောင်းဆိုမှုများပြုလုပ်လာလျှင် သင့်အနေဖြင့် ဥပဒေကခွင့်ပြုထားသည့်အတိုင်းအတာအထိ လျော်ကြေးပေးမည်ဟု သဘောတူပါသည်။

အသုံးပြုသူဆိုင်ရာအကြောင်းအရာအပြင် သင်သည် ကိုကာကိုလာအား ဝန်ဆောင်မှုများနှင့် ပတ်သက်သော စိတ်ကူးများ၊ အကြံပြုချက်များ (သို့မဟုတ်) အခြားဝေဖန်ချက် (Feedback) များကို ပံ့ပိုးပေးရန် အခါအားလျော်စွာ ရွေးချယ်နိုင်ပါသည်။ စိတ်ကူးစိတ်သန်းကို တင်ပြရန် ကျေးဇူးပြု၍ ကျွန်ုပ်တို့၏ဝက်ဘ်ဆိုဒ် https://www.coca-colacompany.com/contact-us/submit-an-idea သို့ ဝင်ရောက်ကြည့်ရှုပြီး အဆိုပါအချက်အလက်များကို ပြန်လည်သုံးသပ်ပါ။သင်သည် သင်၏ ဝေဖန်အကြံပြုချက်ကို ပိုင်ဆိုင်သော်လည်း၊ ၎င်းကို ကိုကာကိုလာ ထံသို့ ပေးခြင်းဖြင့် သင့်ဝေဖန်အကြံပြုချက်အားလုံးအပေါ် ကိုကာကိုလာအနေဖြင့် အခကြေးငွေအပြည့်ပေးရသည့်၊  မူပိုင်ခ ကင်းလွတ်သည့်၊ ရာသက်ပန်ဖြစ်သော၊ ရုပ်သိမ်း၍မရသော၊ ကမ္ဘာတစ်ဝှမ်း၊ သီးသန့်မဟုတ်သော၊ အပြည့်အဝလိုင်စင်ခွဲလုပ်ပိုင်ခွင့်နှင့်  အသုံးပြုခွင့်၊ ပြန်လည်ထုတ်လုပ်ခွင့်၊  ၊ လုပ်ဆောင်ခွင့်၊ ပြသခွင့်၊ ဖြန့်ဝေခွင့်၊ လိုက်လျောညီထွေဖြစ်ခွင့်၊ ပြင်ဆင်ခွင့်၊ ပြန်လည်ပုံစံထုတ်ခွင့်နှင့် ဆင့်ပွားကူးယူဖန်တီးထားခွင့် နှင့်  မည်သည့်နည်းဖြင့်မဆို ထုတ်ယူသုံးစွဲခွင့်ရမည်ကို သင့်အနေဖြင့် သဘောတူပါသည်။ သင်၏ကြိုတင်စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ သင့်အား တိုက်ရိုက် ဖော်ပြခြင်းမရှိဘဲ ကိုကာကိုလာသည် ဝန်ဆောင်မှုများတွင် အကြံပြုချက်အား အသုံးပြုနိုင်ကြောင်းကိုလည်း သင့်အနေဖြင့် အသိ အမှတ်ပြုသဘောတူပါသည်။ သင်၏ ဝေဖန်အကြံပြုချက်အားလုံးကို လျှို့ဝှက်ချက်မဟုတ်၊ တစ်ဦးတည်းပိုင် မဟုတ်ဟု ယူဆပါသည်။